တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ တရားမဝင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဆက်တိုက်ဖမ်းဆီးလာနိုင်ချေ ရှိတာကြောင့် ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်မှာ  ဒေါ်လာဈေးပြန်ကျလာတယ်လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က  ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကျော်ဇောသတင်း ပေါ်ပေါက်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုတွေ မဖြစ်စေဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform က တဆင့် ရောင်းချပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။ 

စစ်ကောင်စီအနေနဲ့ စျေးကွက်ကို ထိန်းချုပ်နိုင်ဖို့အတွက် စျေးကွက်ပေါ်က လုပ်ငန်းရှင်တွေကို ဖမ်းဆီးထိန်းသိမ်းခြင်းဟာ ခဏတာပဲ စျေးကျသွားနိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ပြောဆိုလျက် ရှိပါတယ်။

ဒေါ်လာစျေးဟာ  မနေ့က ဇန်နဝါရီလ ၁၅ ရက် နေ့မှာ ကျပ် ငွေ ၄၈၀၀ အထိ မြင့်တက်ခဲ့ပြီး ဒီနေ့ ဇန်နဝါရီလ ၁၆ ရက် ဒီနေ့မှာတော့ ကျပ်ငွေ ၄၆၅၀ အထိ ပြန်လည်ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။