AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။

ကျုံပျော်မြို့နယ် ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်သောင်းဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“သေနတ်နဲ့ပစ်ခတ်ခံရတာက ညောင်ပင်ဆိပ် ဖိုးထောင်စာသင်ကျောင်းအရှေ့မှာ၊ သူ့ကို ဆိုင်စီးနင်းလာတဲ့ လူ၂ယောက်က ပစ်သွားတာ၊ ဘယ်အဖွဲ့စည်းက ပစ်တယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ ညောင်ပင်ဆိပ်ကျေးရွာမှာ နေထိုင်တဲ့သူ။တစ်ယောက်က မောင်းကိုပြောပါတယ်

အုပ်ချုပ်ရေးမှူး မြင့်သောင်းဟာ အကြမ်းဖက်စစ်တပ်က ထုတ်ပေးထားတဲ့သေနတ် ကိုင်ဆောင်နေသူဖြစ်ပြီး ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်က စစ်သားတွေနဲ့အတူ ကင်းလည့်တာ၊ ကင်းပတ်တာအပြင် ဒေသခံတွေကို နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်တယ်လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

မြင့်သောင်း ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အကြမ်းဖက်စစ်သားတွေ ရောက်လာပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဘာမှရှာမတွေ့ခဲ့သလို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့လဲဆိုတာလည်း အခုထိ မသိရသေးပါဘူး။

 

0 Shares:
You May Also Like
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ်လေယာဉ်နဲ့ ဗုံး အလုံး ၃၀ နီးပါး ကြဲချ၊ အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအတွက် သားတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။