မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းကို ပြည်သူတွေသိရှိနိုင်ဖို့နဲ့ အကြံပြုချက်တွေ ထပ်မံပေးပို့နိုင်ဖို့  မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်စွဲနဲ့ မန္တလေးအတွက် လိုအပ်တဲ့ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းအတွက် သက်ဆိုင်ရာ အလွှာအလိုက် လိုအပ်တာတွေ အကြံပြုနိုင်ဖို့ ရည်ရွယ်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းမှာ အခန်း ၁၂ ခန်းနဲ့ ဖွဲ့စည်းထားတာ တွေ့ရပြီး ရည်ရွယ်ချက် ၊ စံတန်ဖိုး ၊ အခြေခံမူများ ၊ အခြေခံအခွင့်အရေး ရပိုင်ခွင့်နှင့် တာဝန်များ ၊ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ ၊ ကြားကာလဥပဒေပြုရေး ၊ ကြားကာလအုပ်ချုပ်ရေး ၊ ကြားကာလတရားစီရင်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု အခြားပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် မန္တလေးဒေသအကြား ဆက်သွယ်ဆက်ဆံရေး ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ပြဌာန်းချက်တွေ၊ ကြားကာလ နိုင်ငံရေးအစီအမံကို ပြင်ဆင်ခြင်းနဲ့ အထွေထွေ ပြဌာန်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

လုပ်ငန်းကော်မတီအနေနဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု ဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူကြမ်းရေးဆွဲရေးလုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ လူထုသပိတ်အဖွဲ့တွေက အဓိက ဦးဆောင်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်က ပြည်ပအကူအညီ ပေးအပ်မှု ၃ လတာ ရပ်ဆိုင်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

ဝက်လက်မှာ တစ်ရက်အတွင်း စစ်တပ်စစ်ကြောင်း တစ်ခုလုံးနီးပါး ပြုတ်ထွက်ကာ ၁၀၀ နီးပါး သေ

ဇန်နဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား များစွာ သေဆုံးခဲ့ပါတယ်။ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်ထွက်သွားအောင် တိုက်ခိုက်ခံရသလို စစ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။