ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ည ၇နာရီကျော်မှာ မီးလောင်မှုဖြစ်ပွါးပြီး လူနေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

လျှပ်စစ်ရေနွေးအိုး တည်ရာကနေ အပူလွန်ကဲပြီး စတင်လောင်ကျွမ်းကာ အချိန်မီ မငြှိမ်းသတ်နိုင်ခဲ့တာကြောင့် မီးဆက်လက်ကူးစက်သွားတာလို့ သိရပါတယ်။

“ရပ်ကွက်က လမ်းကလည်းကျဥ်း၊ မီးသတ်ကား အလွယ်တကူဝင်ဖို့ကမလွယ်တော့ မီးတောက်ကများပြီး အခြားလူနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာ” လို့ အမှတ် (၃) ရပ်ကွက်မှာနေထိုင်သူတစ်ယောက်က ပြောပါတယ်။

“လျှပ်စစ်မီးက မြန်မာနိုင်ငံဘက်အခြမ်းကပေးတဲ့ လျှစ်စစ်မီးမဟုတ်ဘူး။ ထိုင်းဘက်အခြမ်းက ယူထားတဲ့ လျှပ်စစ်မီး” လို့လည်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မြဝတီမြို့ အမှတ် (၅) ရပ်ကွက်မှာ ဆိုလာနဲ့ ဘတ္ထရီအားသွင်းရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွါးခဲ့တာကြောင့် လူနေအိမ် ၃လုံး မီးလောင်ကျွမ်းခဲ့သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မီးလောင်မှုမြင်ကွင်းများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ရွာငံမြို့နယ် တောင်ပြိုကျမှုအတွင်း စစ်ရှောင်စခန်းတစ်ခု မြေကြီးထဲ နစ်မြုပ်သွား၊ ကလေးငယ်များအပါ ၁၀ ဦး သေဆုံးပြီး ၁ ဦးသာ အလောင်းပြန်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ပြိုကျမှုအတွင်း စစ်ဘေးရှောင်စခန်း နစ်မြုပ်သွားရာ ကလေးငယ် ၃ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။