မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်ရေးစက်ရုံ (ကပစ-၂၄) နဲ့ ပျူစခန်းတွေကို ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုံတောင် TIGER PDF အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် ပေါက်မြို့နယ် ဝန်ခြုံးပျူစခန်းကို ၃ ရက်ဆက် ဒရုန်းနဲ့ 2kg ၊5kg drop bomb တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစခန်းအတွင်းရှိ ကင်းဘန်ကာ မီးလောင်ပြီး အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်က ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ -၂၄)ကို ဒရုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်ခဲ့တယ်လို့ သိပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရိ ၁၀ ရက်ကလည်း သစ်ချိုကုန်းပျူစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်မှာ ဇီးပြားပျူစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၂၇ လုံး ကြဲချတိုက်ပြီး ဇန်နဝါရီ ၁၂ ရက်က တပ်ကုန်းပျူစခန်း၊ ပင်တောင်ပျူစခန်းတွေကို ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးမှာလည်း ဒရုန်း ၁ စီး ထပ်မံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပေါက်ပကဖ၊မြိုင်ပကဖ တို့ရဲ့ ကူညီမှုနဲ့ ပုံတောင် TIGER PDF၊​ Pauk ပ.က.ဖ Drone Team၊ Eagle Wings Drone force၊ BLY drone တပ်ဖွဲ့ ၊ ဇုံ (၁၊၂) ပကဖ တို့ပူးပေါင်းကာ ဗုံးသီး ၁၅၀ ခန့် အသုံးပြု တိုက်ခိုက်ခဲ့ပြီး ဒရုန်းတချို့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ မှ မုံရွာမြို့ နမခသို့ ထွက်လာသည့် သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ စစ်သားအင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ သံပြားကာ ၄ စီးယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့ရှိ ရွှေဇာမဏီရွှေဆိုင်ကို သေနတ်ကိုင်လူ တစ်စုက ဓားပြမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃x၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် မနေ့နေ့လယ်ပိုင်းမှာ သေနတ်ကိုင်လူတစ်စုက ဝင်ရောက် ဓား ပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဂိတ်စခန်းချထားတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

မန္တ‌လေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ်ဂိတ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Myaung Drone Force M.D.F မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာ ကြားရှိ အင်အား ၁၅ ဦးခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။