ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က BACS ရဲ့ ထုတ်ပြန်မှုတွေအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို အေအေက အလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာပဲ ရခိုင်လူထုကို ဦးတည်ပြီး ဝါဒဖြန့်နေတဲ့ စစ်တပ်လော်ဘီချန်နယ်အချို့ ပုံမှန်ဝါဒဖြန့်မှုတွေ ခေတ္တရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။

အချို့သော ချန်နယ်တွေကတော့ ရပ်ဆိုင်းသွားခြင်းမရှိပေမယ့် ချန်နယ်ကို စီမံခန့်ခွဲနေသူတွေ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

(ဓာတ်ပုံ BACS)

နာမည်ကြီး ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo၊ May Yu Htar Nay၊ Western 24 News၊ Min Bar Gyi (မင်းဗာကြီး) ချန်နယ်တို့ရပ်ဆိုင်းသွားခဲ့တာလို့ သိရပါတယ်။

မင်းချစ်ဦးလို့ အမည်ရတဲ့ ချန်နယ် ၂ ခုက ဒီဇင်ဘာ ၁၇၊ ည ၁၀ နာရီဝန်းကျင်မှာ “ AA ရဲ့ တိုက်ခိုက်မှုတွေကို စစ်တပ်က တန်ပြန်နှိမ်နင်းပြီး အခြေအနေကို ထိန်းချုပ်နိုင်နေပြီ” လို့ အထင်ရောက်စေတဲ့ ပို့စ်တစ်ခု နောက်ဆုံးဖြန့်ဝေခဲ့ပြီး ၁၀ ရက်ခန့် ရပ်ဆိုင်းသွားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ မင်းချစ်ဦး ချန်နယ်နောက်ကွယ်က အလုပ်လုပ်နေတဲ့သူတွေ တိုက်ပွဲမှာ ကျသွားသူတွေရှိသလို AA ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်မှာ ထွက်ပေါ်ခဲ့တယ်လို့ BACS ကဆိုပါတယ်။

DOROR WADDY MEDIA ၊ Anti-Terrorism Team Of Rakhine State ၊ May Yu ThitSar ၊ ရခိုင်နေ့စဉ် ၊ We Love Sittwe ၊ စစ်တွေဟစ်တိုင် စတဲ့ အမည်အမျိုးမျိုးနဲ့ လော်ဘီချန်နယ်တွေကတော့ လုံး၀ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ ချန်နယ်အများစုဟာ AA နဲ့စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေစဉ် ရခိုင်နဲ့ ဗမာလူမျိုးတွေအကြား လူမျိုးရေးအရ လှုံ့ဆော်ပြောကြားမှုတွေရှိခဲ့ပြီး မှားယွင်းတဲ့ သမိုင်းအထောက်အထားတွေကို ပုံဖော်ရေးသားကာ ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်မယ်ဆိုတဲ့ အရေးအသားတွေနဲ့ ဝါဒဖြန့်ခဲ့ကြတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖို ပဲခူးရိုးမအတွင်း ခရီးသွားလာခွင့် ခေတ္တပိတ်ပင် 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင်ထဲက ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် လမ်းခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

စစ်ကောင်စီ မီးရှို့ခဲဲ့တဲ့ရွာကို လျှပ်စစ်မီးရအောင် MBT တပ်ဖွဲ့ ဆောင်ရွက်ပေးခဲ့ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။ 
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။