ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ခေါ်ယူခဲ့တဲ့ ရဲဘော်တွေကတော့ ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

“တွံတေးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ အဓမ္မ စစ်သားစုဆောင်းမှုကို ထပ်မံ ဆောင်ရွက်နေပါတယ်။ အမျိုးသားတွေတင်မဟုတ်ဘဲ အမျိုးသမီးတွေပါ စုဆောင်းလာတာတွေ ရှိပါတယ်။ စစ်မှုမထမ်းချင်သူတွေကို ငွေကြေးသိန်းရာချီ တောင်းခံမှုတွေ ရှိသလို ပေါ်တာဆွဲမှုတွေကိုလည်း ဆောင်ရွက်နေချိန် ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ အသက်ပြည့်ပြီး အမျိုးသား၊ အမျိုးသမီးတွေကို သူတို့သဘောဆန္ဒအရ တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်အောင် လမ်းဖွင့်ခေါ်ယူပေးနေခြင်း ဖြစ်ပါတယ်” လို့ တွံတေး ပကဖ တာဝန်ခံ ဗိုလ်တွံတေးက မောင်းကို ပြောပါတယ်။

တပ်ဖွဲ့ထဲ ဝင်ရောက်လိုသူတွေ တစ်လအတွင်း ဆက်သွယ်နိုင်မှာဖြစ်ပြီး တပ်သားသစ် လျှောက်ထားမယ့် လူငယ်တွေအနေနဲ့ ပင်ပန်းဆင်းရဲ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို မမေ့လျော့ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုရှိမှသာ ဆက်သွယ်ကြဖို့လည်း တွံတေး ပကဖ ရဲ့ တပ်သားသစ်ခေါ်စာထဲမှာ ရေးသားထားပါတယ်။

“တန်ဖိုးရှိတဲ့ လူငယ်၊ လူလတ်ပိုင်းတွေရဲ့ အင်အားနဲ့ စိတ်ဓာတ်ကို အဓမ္မမှုကို တွန်းလှန်တိုက်ပွဲဝင်တဲ့နေရာမှာ အသုံးချနိုင်ဖို့ တပ်သားသစ်တွေ ခေါ်ယူလေ့ကျင့် သင်တန်းပေးနေတာ ဖြစ်ပါတယ်” လို့လည်း ဗိုလ်တွံတေးက ပြောခဲ့ပါတယ်။

တပ်သားသစ်ခေါ်ယူကြောင်း ထုတ်ပြန်ကြေညာချက်
တပ်သားသစ် စည်းကမ်းချက်များ
0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ညောင်လေးပင်မှာ စစ်ကောင်စီနဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။