မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းအတိုင်း လာတဲ့အကြမ်းဖက်စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Popa Guerrilla Force ( PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၁၅ရက်၊ ဒီနေ့ မနက်ပိုင်းက ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီး အရပ်သားပြည်သူတွေဆီက ချောဆွဲလာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတွေကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုပြီး မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

“ကျောက်ပန်းတောင်း မြို့ပေါ်မှာ အထိုင်ချတဲ့ကောင်တွေရယ်။ တပ်မ ၇၈က ကောင်တွေရယ်က ပြည်သူတွေဆီက Light truck၁စီး ၊ hijet၁စီးချောဆွဲပြီး လူနာတင်ကား၁စီးနဲ့ပါ လာတာပေါ့။ ကျနော်တို့မိုင်းဆွဲလိုက်တော့ ပစ်ခတ်မှု ခဏဖြစ်တယ် ။ ကာပစ်ပစ်ပြီး ပြန်ဆုတ်ခဲ့တာဆိုတော့ သုံးမိနစ်လောက်ပဲကြာမယ်ဗျ။ မိုင်းထိတဲ့ကားကို သူတို့အထိုင်ချတဲ့ဆီ ​နောက်ကား၁စီးနဲ့ ပြန်ဆွဲသွားပါတယ်။” လို့ Popa Guerrilla Force (PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုထဲ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက် ညနေပိုင်းကလည်း ပုပ္ပါးတောင်မကြီးပတ်ဝန်းကျင်ကိုစစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကား၃စီးကို Popa  Guerrilla Force (PGF) တပ်ဖွဲ့ဝင်တွေက ပုပ္ပါးတိုက်နယ်၊ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Popa Guerrilla Force (PGF) အဖွဲ့ မိုင်းဆွဲရာ မှာ အသုံးပြုသည့် မိုင်းများ

“အဲ့နေ့ညနေပိုင်းက light truck ၃စီးလာတာပါ။ အဲ့ဒါ နောက်ဆုံးကားကိုပဲ သုံးလုံးပွိုင့်တစ်ခါတည်းဆွဲလိုက်တာ။ ညပိုင်းဖြစ်နေတော့ ဆွဲပြီးတစ်ခါတည်းပြန်ဆုတ်ခဲ့ပါတယ်။ သူတို့ကတော့ ရမ်းသမ်းပစ်ခတ်ပြီး ကျန်ခဲ့တာပဲ။ ယာဉ်မောင်းနဲ့ စခ ၃ကောင်ထိခိုက်တာ ၁ယောက်သေပါတယ်။ “  လို့ ရဲဘော် ဗျတ္တက ပြောပါတယ်။

သူကပဲဆက်လက်ပြီး “ကျနော်တို့အနေနဲ့ ဒီလမ်းပိုင်းနဲ့ ပုပ္ပါးတိုက်နယ်ထဲ စစ်ရေးအရှိန်မြှင့်ဖော်ဆောင်နေလို့ ပြည်သူတွေ မလိုအပ်ပရဘဲ အပြင်မထွက်ဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ဆက်သွယ်ရေးစခန်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး အရာခံဗိုလ် အပါအဝင် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဒီအတွက် စစ်ကောင်စီက အရပ်သားခရီးသည်တွေ ပုပ္ပါးတောင်မကြီးတက်ရောက်ခွင့်ကို ဒီဇင်ဘာ ၂၈ရက်နေ့က စတင်ပိတ်ပင်ထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ခြေမြို့အနီး ကျေးရွာတွေကို စစ်တပ် လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုး မီးတင်ရှို့၊ ဒေသခံ ၂ ယောက် သေဆုံးကာ ၄၀၀၀ ကျော်လောက် ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။