ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော် မြို့သို့ ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။

ကယားပြည်နယ်ခန်းမမှာ ပြုလုပ်မယ့် ညစာစားပွဲသို့ အကြမ်းဖက်စစ်အုပ်စု ဒုခေါင်းဆောင်စိုးဝင်း နဲ့ အပေါင်းအပါများ ညစာစားပွဲ ကျင်းပနေချိန် ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမ ‌ရှော့တိုက်ဒုံး ၅ လုံးနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်ဒကစ)သို့ ရှော့တိုက်ဒုံး ၂ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ရေးပစ်မှတ်တွေကို Brave Warriors for Myanmar (BWM)အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နဲ့ Anti-Coup People’s Liberation Force – ACPLF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဒေါက်တိုင် စျေးဆိုင်တွေမှာ စျေးမဝယ်ကြဖို့ သတိပေးတဲ့အနေနဲ့ အသံမိုင်း ဖောက်ခွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃၁ ရက်မှာ အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ The Phoenix Army အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

သေဆုံး စစ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို အမိန့်ပြန်တမ်း ထုတ်ပြန် (ရုပ်/သံ)

ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က တိုက်ပွဲတလျှောက် သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေထံကနေ သိမ်း ဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေကို အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။