မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ လူအယောက် ၅၀နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ အမျိုးသားလူငယ်၊ လူရွယ်တွေကို အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးကာ စစ်မှုထမ်း လူသစ်စုဆောင်းနေပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေကို အာဏာပိုင်တွေက ငွေသိန်းရာဂဏန်းအထိ တောင်းခံတာမျိုးတွေ ရှိတယ်လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက ဖလံတော၊ ထန်းတောစု ၊ ကျောက်ကုန်း၊ ထူးပေါက်၊ လက်ပံတောစတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ပေါ်တာဆွဲဖမ်းဆီးခံရမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

“စစ်မှုထမ်းအတွက်ဖမ်းခံထားရတာ ရွာအကုန်လုံးဆို စုစုပေါင်း ၅၀လောက်ရှိပါတယ်။ လူ၁ယောက် ပြန်လိုက်ခေါ်မယ်ဆို  ငွေကျပ်သိန်း ၂၀၀ လောက်အထိ ပေါက်တယ်လို့လည်း နီးစပ်ရာမိသားစုဝင်တွေက ပြောပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၁၄ရက် မနေ့ကလည်း စပါးတိုက်ပြီး ထော်လာဂျီနဲ့ပြန်လာတဲ့ ထန်းတောစုရွာနေ အမျိုးသား၃ယောက်ကို စစ်ကောင်စီက ရိုက်နှက်ထုထောင်းပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

” ထန်းတောစုရွာက သုံးယောက်က ညီအစ်ကိုတွေ ဖြစ်နေလို့ တစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့တော့ သိရပါတယ်။ ညီအစ်ကိုတွေဆိုတော့ တစ်ယောက်ကိုတော့ ငွေကျပ် သိန်းရှစ်ဆယ် နဲ့ပြန်ရွေးခိုင်းတယ်လို့ သိရပါတယ်။ ငွေပေးနိုင်တဲ့သူကတော့ ပြန်လွှတ်ပေးတဲ့ သဘောပါပဲ။ ဖလံတောရွာကဆို လယ်လုပ်ပြီး ပြန်လာတဲ့ အမျိုးသားချည်းပဲအယောက် ၃၀လောက် အဖမ်းခံထားရတယ်။ အဲ့ထဲက ၃ယောက်ကတော့ စစ်မှုထမ်းငွေကြေးကောက်ခံရာမှာ ပါဝင်သူတွေဖြစ်လို့ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်တဲ့” လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ထူးပေါက်ရွာနေ အမျိုးသမီး၂ယောက်ကိုလည်းစစ်ကောင်စီက လူအင်အားဖြည့်တင်းရေးအကြောင်းပြ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

“မနေ့ကပဲ ထူးပေါက်က အဲ့ အမျိုးသမီး ၂ယောက်နဲ့အတူ အမျိုးသား ၂ယောက် ဆွဲခံရပါတယ်။ အဲ့တာ​၁ယောက်ကို ငွေကျပ် သိန်း၇၀နဲ့ပြန်ရွေးရမယ်လို့ပြောတယ်လို့ သိရတယ်။ ပြန်ရွေးရတာကို ဘယ်မှမပြောဖို့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်တဲ့” လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်၊ ကျေးရွာတွေထဲ ပေါ်တာဆွဲထားသူတွေကို ကနဦး ပွင့်ဖြူရဲစခန်းမှာ ခေါ်ဆောင်ထားပြီး ငွေညှစ်တောင်းခံတာ၊ စစ်မှုထမ်းသင်တန်းပို့ဆောင်တာတွေ လုပ်​ဆောင်နေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး အလုံးရင်းနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် ပွင့်ဖြူမြို့နယ်အတွင်း လူငယ်တွေမလိုအပ်ဘဲ ခရီးသွားလာတာ၊ စစ်ကောင်စီဌာနဆိုင်ရာတွေအနီး နေထိုင်တာ၊ လောင်းကစားဝိုင်နဲ့ အပျော်အပါး သွားလာတာတွေ ရှောင်ကြဥ်သင့်တယ်လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

“လူငယ်တွေအနေနဲ့ အခုလိုဖမ်းဆီးခံရပြီး ငွေပေးရွေးနေရမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်လာတာမျိုးဆို ပိုကောင်းပါတယ်။ ကြိုလည်း ကြိုဆိုနေကြပါတယ်။”လို့ မင်းဘူးခရိုင် အမှတ် ၄-တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ရှုံးကောင်စီက စစ်မှုထမ်းအပတ်စဥ် (၉) အတွက် စိုင်းပြင်းနေတာဖြစ်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီကနေ နာမည်စာရင်းအလိုက် အိမ်တိုင်ရာရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်လာသလို လမ်းသွားလမ်းလာ၊ အလုပ်သွားအလုပ်လာလူငယ်တွေကို အထူးပစ်မှတ်ထားပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။