အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ အစောပိုင်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၃) နဲ့ ပူးပေါင်းမဟာမိတ်တွေ တိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ စစ်ကောင်စီအခြေစိုက်မယ့် နေရာက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတချို့ကို ကော်ဘရာစစ်ကြောင်းတပ်ခွဲ ၃ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး အောင်ဇေယျစစ်ကြောင်းကို မြန်မာနိုင်ငံတောင်ပိုင်းဒေသ ပြန်လည်စိုးမိုးရေးအတွက် စေလွှတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် အောင်ဇေယျစစ်ကြောင်းဟာ အလဲလဲ အပြိုပြိုနဲ့ ပြန်လည်ဆုတ်ခွါခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းတွင် KNLA နှင့် DKBA ဗိုလ်ဘိတပ်တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဘိတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဗိုလ်ဘိတပ်သားတချို့ကို အရှင်ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။