မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မြေပြင်မှာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပ သုံးလုံးယန္တရား အဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဆောင်ဖို့ ယာယီသမ္မတက ၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ 

“ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်တဲ့အကြောင်း ၊ လူထုဟာ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်လို့ အထူးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ မှာကြားလိုက်တာပါ။

၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)
၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)

ပ သုံးလုံး (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) တို့နဲ့ပတ်သက်ပြီး လက်ရှိ လူထုအကြားမှာ ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

ပသုံးလုံးနဲ့ ပတ်သက်လို့ လက်ရှိ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ခန့်ရှိပြီး အဲဒီထဲက ၁၄ရာခိုင်နှုန်း (အမှု ၁၁ခု)ကိုသာ အရေးယူထားကာ ကျန်တဲ့အမှု ၇၀ နီးပါးဟာ စစ်ဆေးနေဆဲဖြစ်တယ်လို့  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း ပအဖနဲ့ ပလဖတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီး ပကဖကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေတယ်လို့လည်း သိရပါတယ်။

ပသုံးလုံးအဖွဲ့တွေဟာ မြေပြင်မှာ အခွန်ဘဏ္ဍာကောက်ခံခြင်း ကိစ္စရပ်တွေအပါအဝင် အာဏာကိုကျော်လွန်အသုံးပြုတဲ့  ဖြစ်စဉ်မျိုးတွေရှိနေကြောင်း ဒေသခံတချို့က ဝေဖန်တာ NUG ထံတိုင်ကြားထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပသုံးလုံးယန္တရားလို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တို့ကြားက အချင်းချင်း ပွတ်တိုက်မှုတွေ၊ ပသုံးလုံးယန္တရား နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကြား အငြင်းပွါးမှုတွေ၊ ဒေသတွင်းကာကွယ်ရေးအဖွဲ့ LPDF တွေကြား အမြင်လွဲမှားမှုတွေလည်း မြေပြင်မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

“အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း ရှိပါတယ်”လို့ NUG ရဲ့ ၂/ ၂၀၂၅ အစည်းအဝေးမှာ  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းမထွက်နိုင်လို့ အသုံးတော်ခံဘဝ ရောက်ကြရတဲ့ အနုပညာရှင်များ

စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

လောင်းလုံး ပကဖ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ၂/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့အနှံ့ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်…

ရန်ကုန်မြို့ရဲ အချက်အချာကျတဲ့ နေရာတေီမှာ Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်ရဲ့ " လဲကျလဲ ပြန်ထ " အဓိပ္ပာယ်နဲ့ အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်ရဲဖက်မယတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပစ်တိုင်းထောင်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။