မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၄ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ကာ စခန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် လေကြောင်း ပစ်ခတ်မှုနဲ့ စခန်းရှိ ဘန်ကာကို မသိမ်းပိုက်နိုင်ခဲ့မှုကြောင့် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းတွင် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ၏ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ က ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ ပြည်သူလူထုထံကို NUGက ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးရဲ့ အပြောင်းအလဲ ၊ စစ်ရေးအခြေအနေနဲ့ အနာဂတ်အစီအစဉ်တွေကို အဓိက ပြည်သူလူထုထံ သတင်းစကားပေးအပ်ခဲ့ပါတယ်။
Read More

ဆားလင်းမြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် ရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။