ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။

ဒေသခံတော်လှန်ရေးအင်အားစုတွေဟာ အဲဒီတိုက်ခိုက်မှု ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀ ကျော်လောက် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုတွေဖြစ်တဲ့ အဲဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေများစွာ သေဆုံးခဲ့တဲ့အပြင် စစ်သုံးပန်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ပြီး အများအပြား သေဆုံးစေမှုတွေဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ NUG လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အရင်က စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်မှုတွေဟာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသာ ဖော်ဆောင်နိုင်ခဲ့ပြီး လက်ရှိမှာတော့ မြန်မာပြည်အလယ်ပိုင်းမှာ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေကပါ အခုလို စစ်ဆင်ရေးကြီးတွေကို ဖော်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေပြင်မှာ အလူးအလဲခံရပြီး ဝေဟင်ကနေ လေကြောင်းပစ်ကူ ခေါ်ရလောက်တဲ့အထိ အထိနာခဲ့ကြပါတယ်။

လတ်တလောမှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်ထဲမှာ တောင်သာနဲ့ မြင်းခြံကြားက နန်းမြင့်တောင်မှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ ချိန်သားကိုက် စုဖွဲ့မှုနဲ့အတူ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

နန်းမြင့်တောင်မှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ပြီး ရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် မြင်းခြံခရိုင် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ ကိုသက်ကြီး)

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ ယာဉ်တန်းကို RPG နဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်တွေ လမ်းဘေးထိုးကျသွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျားဖြစ်တဲ့အထိ ခေါင်းမဖော်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းထဲက ၂၀ လောက် ပွဲချင်းပြီးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်။

အခုနောက်ပိုင်း PDF တွေရဲ့ စွမ်းဆောင်ချက်တွေဟာ အင်အားရာနဲ့ချီတဲ့ စစ်တပ်စစ်ကြောင်းတွေကို ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်နိုင်တဲ့အထိ တိုက်ရည်ခိုက်ရည် မြင့်မားနေမှု ပေါ်လွင်လာတယ်လို့ Breaking Brainwashed အစီအစဉ်မှာ CDM ဗိုလ်ကြီးတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒီလို တိုးတက်အားကောင်းလာခြင်းဟာ တိုင်းရင်းသားဒေသတွေမှာ သွားရောက်ပူးပေါင်းဆင်နွှဲခဲ့ကြတဲ့ စစ်ရေးအတွေ့အကြုံတွေကြောင့် ဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့  ထင်ရှားတဲ့ စစ်ဆင်ရေးအဖြစ်  ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာအနီးမှာ အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တွေက ဩဂုတ်လ (၂၄) ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ (၅) ယောက်၊ တပ်မ (၆၆) က ဗိုလ်မှူး အဆင့် (၁) ယောက်၊ ဗိုလ်ကြီးအဆင့် (၁) ယောက်၊ ရဲတပ်ရင်း (၁၀) က ရဲအုပ်အဆင့် (၁) ယောက်နဲ့ ဒုရဲအုပ်အဆင့် (၂) ယောက် အပါအဝင် (၂၀) ကျော် သေဆုံးကာ စစ်သုံ့ပန်း (၁၀) ယောက် ဖမ်းမိခဲ့ပါတယ်။လက်နက်ကြီး(၂) လက်၊ လက်နက်ငယ်(၂၈)လက်၊ ကျည် (၂၃၆၁)တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်နဲ့ ဖုန်း (၈) လုံးကိုလည်း သိမ်းဆည်းရရှိမိခဲ့ပါတယ်။

နောက်ထပ် စစ်ဆင်ရေးတစ်ခုကတော့  စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်ပြီး ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ယောက်ပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ကြပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၃) ယောက် သေဆုံး (အလောင်းရ) ပြီး လက်နက်ချအညံ့ခံတဲ့ ဗိုလ်ကြီး (၂) ယောက်အပါ စစ်သုံ့ပန်း (၄၃) ယောက် ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့‌တာ ဖြစ်ပါတယ်။

နောက်ထပ် အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုကတော့   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနားမှာ စခတ-၈ အင်အား (၇၇) ယောက်ပါ စစ်ကောင်စီစစ်ကြောင်းကို PDF နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်ရာ ရန်သူ့စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ရန်သူ့ထံက လက်နက်ငယ် (၅၁) လက်၊ လက်နက်ကြီး (၃) လက်၊ ကျည်မျိုးစုံ (၃၀၀၀) ကျော်နဲ့ Jammer စက် (၁) လုံး သိမ်းစည်းရရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့က ရေငံရွာအနီး ဖြစ်ပွားသောတိုက်ပွဲမှ ဖမ်းမိသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ အမျိုးသားညီညွတ် ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန)

တိုက်ခိုက်မှုတွေအများစုဟာ စစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ အင်အားလာဖြည့်တဲ့ စစ်ကြောင်းတွေကို မြေပြင်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ကြတာပါ။

အခုလို စစ်ကြောင်းတွေကို တိုက်ခိုက်ဖို့ PDF တပ်ဖွဲ့တွေဟာ အစဉ်အမြဲ မြေပြင်သတင်းတွေ ရရှိနေပေမယ့် ချက်ချင်းစစ်ရေးဖော်ဆောင်ဖို့ လက်နက်ခဲယမ်းနဲ့ ကျည်ဆံ အလုံအလောက်မရှိခြင်းက စိန်ခေါ်မှုဖြစ်တယ်လို့ မြေပြင် PDF တပ်ဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရာနဲ့ချီတဲ့ မြေပြင်စစ်ကြောင်းတွေ ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ခရီးသွားပြည်သူတွေကို အနိုင်ကျင့်တာ၊ တော်လှန်ရေးတပ်တွေ ထိန်းသိမ်းထားတဲ့ နယ်မြေတွေဆီ ပြန်လည်ထိုးစစ်ဆင်မှုတွေကို အများဆုံးပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

ဒီလိုမြေပြင်စစ်ကြောင်းတွေကို ဖွဲ့စည်းပုံပျက်တဲ့အထိ ကြားဖြတ်တိုက်ခိုက်နိုင်မှုဟာ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေနီးနီး စစ်ကောင်စီကို အရှိက်ထိစေပြီး စစ်ရေးဗျူဟာအရလည်း စစ်ကောင်စီကို အခက်တွေ့ ရှုံးနိမ်စေတာ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် စစ်တပ်စစ်ကြောင်းတွေကို အခုထက်မက ပိုမိုကြားဖြတ်ဟန့်တား တိုက်ခိုက်နိုင်ဖို့ ပြည်သူတွေအနေနဲ့ လိုအပ်တဲ့နေရာတွေကနေ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တောင်းဆိုတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 
Read More

ပေါ်တာဆွဲခံရသည့် လူငယ် ၄ ဦး စစ်အုပ်စု အချုပ်ခန်းမှ ဘယ်လို ထွက်ပြေးလွတ်မြောက်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

သေနတ်ထောက်ပြီး ဖုတ်ပူမီးတိုက်လုပ်မည့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ၊ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်”

အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။