ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

“အမေ့အိမ်နဲ့ဝေးနေတဲ့ သားတွေအတွက် မိဘပြည်သူ‌တွေ ပို့သတဲ့ ချစ်ခြင်းမေတ္တာတွေ လက်ခံရရှိလို့ ကြည်နူးကျေးဇူးတင်ရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မေတ္တာခြုံလို့ လုံပါစေ၊ နွေးထွေးပါစေ၊ ပူပန်သောကကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုတဲ့ စာသားနဲ့အတူ SOF ရဲဘော်တွေ အဝတ်အထည်တွေ လက်ခံရရှိတဲ့ ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။