စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီး မုံရွာ နမခကနေ စစ်ကူအင်အားတွေ ထပ်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Monywa Eagle PDF၊ မုံရွာ ပလဖ တိုက်နယ် ၂ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကျည်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တော်လှန်ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ် တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆား‌တောင်မြို့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးခန့် သေ၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။