စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီး မုံရွာ နမခကနေ စစ်ကူအင်အားတွေ ထပ်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Monywa Eagle PDF၊ မုံရွာ ပလဖ တိုက်နယ် ၂ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကျည်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တော်လှန်ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

BPLA မှ အညာဒေသတိုက်ပွဲတွေအတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

''ကိုယ့်ဘက်က စစ်ဦးသာနေချိန်မှာ ရန်သူကို အနားမပေးပါနဲ့။ စစ်အုပ်စုကို တကယ်အမြစ်ဖြတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မနားပါနဲ့''လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း ပျူစခန်းများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အနောက်မကျည်းကန်နဲ့ အောင်သာပျူစခန်းတွေကို ဧပြီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter အဖွဲ့ထံက သိရပါ တယ်။
Read More

သရက်ခရိုင်အမှတ် ၄ တပ်ရင်း၏ အပတ်စဉ် (၁၁) အခြေခံ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဆင်းပွဲမှာ တက်ရောက်ဂုဏ်ပြုခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ဧည့်သည်တော်တွေကို အထူးကျေးဇူးတင်ရှိကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း၊ ဇီးကုန်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ၄ရက်ဆက် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF က တိုက်ပွဲမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။