ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုအတွင်းက တင်းကုတ်စုရွာ၊ အလယ်ကုန်းရွာ၊ အလယ်ကုန်း (တောင်) ရွာတို့က ပြည်သူတွေကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေ အင်အားအများအပြားနဲ့ လာရောက်ပေါ်တာဆွဲတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အခုလို ပေါ်တာဆွဲမှုကြောင့် တင်းကုတ်စုရွာက ကိုမျိုးမင်းဇော်၊ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ ကိုအေး၊ ကိုစိုးမိုးအောင်၊ ကိုခေါလေး၊ ကိုဇော်ဝင်း အပါအဝင်  လူငယ် ၁၁ ယောက် ဖမ်းဆီးခံလိုက်ရပြီး အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်)ရုံးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

“သူတို့က မနက်အစောပိုင်း ၇ နာရီ လောက်ကတည်းက ရွာကို ရှေ့ထိပ် အနောက်ထိပ် ပိတ်ပြီးတော့ကို ပေါ်တာဆွဲတာ… အဲ့ဒါကြောင့် အကုန်လုံး ရှုပ်ကုန်တာ… ပြေးလို့ကလည်း မရနဲ့” လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အမျိုးသားတွေသာမက အသက် ၃၀ အရွယ် သား၊ သမီးမရှိတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က အမျိုးသမီးတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။ 

ဒီလို ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက နေ့လည်နေ့ခင်းပါမရှောင် စစ်ကောင်စီတပ်တွေက လုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

သာယာဝတီခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကလည်း “ကျနော်တို့မှာ အခုဆို တလရလုပ်ချင်လို့ပါဆိုပြီး လာပြောနေတဲ့ လူငယ်တွေ ရာနဲ့ချီရှိနေပါတယ်… တချို့ကျတော့လည်း ခဏလောက် လာတိမ်းရှောင်ချင်လို့ပါပေါ့.. သူတို့မှာ ရွေးချယ်စရာမရှိတော့သလို ဖြစ်နေတယ်” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

NUG မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများကို အမျိုးသမီးနှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ပြုလုပ်ခဲ့

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။