မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ အင်အား ၅၀ ခန့်နဲ့ အုန်းတောရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ စစ်ကြောင်းထိုးလာစဉ် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ ၁ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဘက်ကို ကံပြားရဲစခန်းကနေ တပ်ကူတွေ ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကာ လင်းဇင်းရဲစခန်းဘက်နဲ့ ဆည်ကံရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးရဲဘော်တွေထောင်ထားတဲ့ တိုက်မိုင်းကို နင်းမိကာ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီအနီးရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမှတ်တမ်းရုပ်သံကို Justice Soldier PDF မှ ထုတ်ပြန်လိုက်ပါ တယ်။
Read More

အကြမ်းဖက်စစ်သားတွေ လုံခြုံရေးလိုက်ပါလာတဲ့ ကြေးနီတင်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ မန္တလေးဘက်ကို အကြမ်းဖက်စစ်သား အစောင့်အရှောက်တွေနဲ့ မောင်းနှင်လာတဲ့ ကြေးနီတင်ယာဉ်တွေကို နိုဝင်ဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မအူရွာထိပ်ကနေ အသင့်စောင့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်
Read More

စင်ကာပူနိုင်ငံက တီထွင်ထားတဲ့ စက်ရုပ်ပိုးဟတ်တွေကို မြန်မာငလျင်ကယ်ဆယ်ရေးအတွက် ပထမဆုံးစတင်အသုံးပြု (ရုပ်/သံ)

မြန်မာနိုင်ငံ ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အထောက်အကူပြုနိုင်ဖို့ စင်ကာပူနိုင်ငံက တီထွင်ထုတ်လုပ်ထားတဲ့ စက်ရုပ်ပိုးဟတ် ၁၀ ကောင်ကို ပို့ဆောင်ထားပြီး စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။