မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၁၂ရက် ၊ မနက်အစောပိုင်းက နန်းမြင့်တောင်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကား ၂စီးကို မြင်းခြံမြို့နဲ့ ၃မိုင်ကျော်အကွာ တောင်ရှေ့တိုးဂိတ်နားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။

“တောင်သာနဲ့ မြင်းခြံကြားက နန်းမြင့်တောင်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီကားတွေက ဒီနေ့ ၈နာရီလောက်မှာ ထွက်လာတာ၊ တောင်ရှေ့တိုးဂိတ်နားမှာ ကျနော်တို့က ဖြတ်တိုက်တယ်ပေါ့။ ဖောကား ၁စီးနဲ့ ခွေးဘီလူးကားတစ်စီးပါ။ အင်အားက ၆၀လောက်ရှိမယ်။ ဗျူဟာက စစ်ကြောင်း နဲ့ မြင်းခြံပျူတွေပေါင်းပြီး လာတာလို့သိရပါတယ်။ ကျနော်တို့က RPG ၃လုံးနဲ့အရင်ပစ်တဲ့အခါ ၂ လုံး မှန်ပြီး ကားတွေ လမ်းဘေးကိုထိုးကျသွားတယ်။

 “ပါလာတဲ့ကောင်တွေ ကစဥ့်ကလျားနဲ့ အကုန်ထွက်ပြေးကုန်တယ်၊ အဲ့မှာအသင့်စောင့်နေတဲ့ ရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ချေမှုန်းခဲ့တာပါ။ ပထမ ပေ ၅၀အကွာကနေ ပစ်ရာကနေ နောက်ပိုင်း ၁၀ပေ လောက်အထိ ကပ်ပြီးချေမှုန်းနိုင်ခဲ့ပါတယ်” လို့  မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကို ပြောပါတယ်။

တိုက်ပွဲအပြီး စစ်အုပ်စုဆီက MA1 သေနတ် ၅ လက် ၊ MA3 ၁ လက်၊ G3 ၃ လက် နဲ့ ရှော့ဂန်း၁လက်၊ Drone Killer ၊ ဂျမ်ဘာ နဲ့ ကျည်ဆံတွေ သိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။

“ကျနော်တို့ ဖောကားကို ရှင်းလင်းရေးလုပ်ပြီးလို့ နောက်တစ်စီးဆီသွားမယ့်အချိန်မှာ မြင်းခြံဘက်က စစ်ကူတွေရောက်လာတာရယ်။ ခမရ ၁၅ထဲကနေ လက်နက်ကြီးပစ်တာရယ်ကြောင့် ဆက်မရှင်းနိုင်ခဲ့ပါဘူး။ ဆက်ရှင်းနိုင်ခဲ့ရင် လက်နက်တွေ ပိုရမှာပါ” လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကို ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရစဥ်
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရစဥ်

ဒီကြားဖြတ်တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇  2IC ကိုဗညား နဲ့ မြင်းခြံခရိုင်တပ်ရင်း ၁ 2IC ကိုဒီးတို့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း အမှတ် ၇ Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင်တပ်ရင်း ၂ နဲ့ ပကဖ ဗိုလ်စွန်ရဲအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဟာ ၁နာရီနီးပါး ကြာမြင့်ကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာကိုယ်စီ ရခဲ့တယ်လို့လည်း သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲပြီး ရက်တိုစစ်သင်တန်းပေးခံရသူတွေ လူသားဒိုင်းအဖြစ် ကင်းစောင့်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။