ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၁၁ရက်နေ့က တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ခမရ ၅၅၉ မှာ တာဝန်ကျနေတဲ့ တပ်သား အောင်မျိုးကျော်နဲ့ စန်းထွန်းအောင်တို့ဟာ  ကင်းတာဝန်ကျနေချိန်အတွင်း လက်နက်တွေ ယူဆောင်ထွက်ပြေးလာခဲ့ပြီး​ ဒေါနတပ်ရင်းနဲ့အတူ စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ယောက်ဟာ  ထိုင်းနိုင်ငံ ရနောင်းမြို့ကနေတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ လွှဲပေးခံရပြီးနောက် စစ်မှုထမ်းသင်တန်းအပတ်စဥ် (၅) အဖြစ် တနင်္သာရီတိုင်း၊ ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှာ ၃ လ သင်တန်း တက်ရောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ၂ယောက်လုံးက သူငယ်ချင်းတွေပါ။ အသက်ကလည်း ၂၇ အတူတူပါပဲ။ ကော့သောင်းဇာတိတွေပါ။ ၂၀၂၄ ၊ ၇လပိုင်းလောက်မှာ ရနောင်းကိုသွားပြီး အလုပ်လုပ်သွားလုပ်ကြတယ်။ တစ်ယောက်ကပန်းရံ၊ ကျနော်ကသံပန်းလုပ်တယ်။ အဲ့မှာအလုပ်လုပ်နေရင်း ထိုင်းလကဝက ဖမ်းမိတာနဲ့ ဒီဘက်ကိုလွှဲခံရတယ်။ ဒီရောက်တာနဲ့တန်းပြီးခေါ်ခံရတာပါပဲ။ ခမရ ၂၆၂ ထဲ အရင်ရောက်ပါတယ်။ ၃လ သင်တန်းပေးခံခဲ့ရတယ်ပေါ့။ ” လို့ အလင်းဝင်ရောက်လာတဲ့ ကိုစန်းထွန်းအောင်က မောင်းကိုပြောပါတယ်။

ကိုစန်းထွန်းအောင်ဟာ အလင်းဝင်ရောက်လာချိန်မှာ MA3 သေနတ် ၁လက်နဲ့အတူ ကျည် အတောင့်၁၀၀၊ ကျည်ဘောက်(၃)ဘောက် ၊ လက်ပစ်ဗုံး၁လုံးယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“သင်တန်းပေးတာ ၃လကြာပြီးတော့ သင်္ဘောပေါ်မှာသူတို့က တပ်ခွဲပေးတယ်။ ကျနော်တို့ တာဝန်ကျတာ က ခမရ ၅၅၉ ဘုတ်ပြင်းလို့ ပြောတယ်။ ပြီးတော့ မော်လမြိုင်ကို လုံခြုံရေးကျတယ်ဆိုပြီး သွားရတယ်။ မော်လမြိုင်ကနေ သံဖြူဇရပ်၊ ရဲတံခွန်ဘက်ကို စစ်ကူသွားရတယ်။ အဲ့ကနေမှ ဒေါနတပ်ရင်းနဲ့ချိတ်ဆက်ပြီး ကင်းကျနေတုန်း ထွက်​​ပြေးခဲ့တာပါ။ စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိပါတယ်။ စစ်တပ်ရဲ့အထက်အောက်ဆက်ဆံရေး၊ ဖိနှိပ်မှုတွေကို ကြုံခဲ့ရလို့ပါ။” လို့ MA1 သေနတ်၁လက် ၊ ကျည် ၇၅တောင့် နဲ့ ကျည်ဘောက် ၃ဘောက် ယူဆောင်ကာ အလင်းဝင်ရောက်လာတဲ့ ကိုအောင်မျိုးကျော်ကလည်း  မောင်းကိုပြောပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ CDM ဝင်ရောက်လာသူတွေကို ဆုငွေပေးအပ်ရင်း ကောင်းကောင်းမွန်မွန်ထားရှိထားကြောင်းနဲ့ အလားတူ အလင်းဝင်ရောက်လာပြီး တပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နေသူတွေလည်းရှိကြောင်း ထုတ်ပြန်ပါတယ်။

“အဓိကကတော့ဆက်သွယ်ပေါ့နော်။ သူတို့ဘက်ကတစ်နေရာကိုလာ။ ကျန်နော်တို့ကတစ်နေရာလာ ဒါက သိပ်အခက်အခဲတော့ မရှိပါဘူး။ အဓိကကတော့ ပြည်သူဘက်ကို ပူးပေါင်းချင်စိတ်ရှိဖို့ပါပဲ။ စစ်မှုထမ်းခေါ်ခံရတဲ့သူတွေက ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်း​ကပါ။ နောက်​ ရေဖြူဘက်က ဝင်တာတွေလည်း ရှိပါတယ်။ အခုနှစ်သစ်ထဲ ကျနော်တို့တပ်ရင်းဆီ အလင်းဝင်လာတာတော့ သူတို့နှစ်ယောက်ပထမဆုံးပါပဲ။ ” လို့ ဒေါနတပ်ရင်း၊ တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဒေါနတပ်ရင်းဆီ CDM  ဆေးဗိုလ်မှူး ၁ယောက်အပါအဝင် ရေတပ်သား၁ယောက်၊ စစ်မှုထမ်းအပတ်စဥ် (၂) သင်တန်းဆင်း ၆ယောက်နဲ့ သတင်းရဲတပ်ဖွဲ့က ရဲမေ၁ယောက်တို့  အလင်းဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။  
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားပြီဟု အကြမ်းဖက်စစ်အုပ်စု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ အကြမ်းဖက်စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။