ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 

ဒိုက်ဦးအကျဉ်းထောင်မှာ ပုဒ်မ ၅၁ (ဂ)/ ၅၂ (ခ) တို့နဲ့ ထောင်ဒဏ် (၁၁) နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုမျိုးမင်းဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ကိုမျိုးမင်းဦးကို စစ်ကောင်စီက ၂၀၂၂၊ အောက်တိုဘာလ (၁၇)ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာ အကျဉ်းချခဲ့ကာ ၂၀၂၄၊ မေလ (၃၁)ရက်နေ့မှာ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီးတဲ့နောက် ဒိုက်ဦးအကျဉ်းထောင်မှာပဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ PPNM က ဆိုပါတယ်။ 

ဒိုက်ဦးထောင်မှာ အကျဉ်းကျစဉ် ဆီးကျောက်ရောဂါဖြင့် သေဆုံးခဲ့တဲ့ ကိုမျိုးမင်းဦး

“ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့တာက တစ်ခါပဲရှိပါတယ်ဗျ… အဲ့ဒါကလည်း အကျဉ်းထောင်ထဲမှာ ကုသဖို့ မလွယ်လောက်တော့တဲ့ အချိန်ကျမှ ပို့ဆောင်ခဲ့တာကို တွေ့ရတယ်ဗျ…အဲ့လိုပို့ဆောင်ပြီး ၁ပတ်ကျော်အကြာမှာပဲ ကျဆုံးသွားတာဖြစ်ပါတယ်” PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းကျခံရစဉ်က ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရတာကို ထောင်ပိုင် ထွဋ်ပိုင်မှူးနဲ့ ထောင်ဆေးရုံဆရာဝန် သိုက်ထွေးတို့က လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့ဘဲ ရောဂါအခြေအနေပြင်းထန်ဆိုးရွာချိန် ဒီဇင်ဘာ (၂၆) ရက်နေ့မှသာ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

 ဒါကြောင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေး ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်တွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို စောင့်ကြည့်ပြီး လက်တွေ့ကျတဲ့ ကူညီမှုတွေ၊ ထိရောက်တဲ့ အရေးယူမှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးမှုတွေကို ထိရောက်စွာ ပြုလုပ်ပေးကြဖို့လည်း PPNM က တိုက်တွန်းပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။