စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

ရန်ကုန် အပါအဝင် နိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်တပ်က နည်းလမ်းပေါင်းစုံသုံးကာ လူငယ်တွေကို ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။ 

“ပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက်ကြဖို့၊ လုံခြုံရေးကိုအမြဲမပြတ် သတိထားပြီး ပြည်သူ့ရင်ခွင်ရဲ့ contact  တွေကို မှတ်ထားဖို့ပါ။ ဒါမှ စစ်မှုထမ်းထဲပါသွားရင် ချိတ်ဆက်ပြီး လွတ်မြောက်နိုင်အောင်ပါရှင်။ အရင်ကထက်ပိုပြီး သတိကြီးကြီးထားဖို့လည်း လိုနေပါပြီ။ မြို့ပြမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ခက်ခဲလာတဲ့ အချိန်တစ်ခုရောက်လာတာတောင် မြို့ပြကိုစွန့်မခွါဘဲ နည်းမျိုးစုံနဲ့တော်လှန်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေအတွက် အားအင်က ပြည်သူလူထုရဲ့ ပါ၀င်မှုပဲဖြစ်လို့ 

ပြည်သူများ ဝိုင်း၀န်းပေးဖို့ကို မျှော်လင့်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Merry Christmas က မောင်းကို ပြောပါတယ်။

၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံး သီတင်းပတ်ထဲမှာပဲ ရန်ကုန်မှာ မြို့ပြောက်ကျားတော်လှန်ရေး ရဲဘော်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၉) အတွက် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

Linn Yaung Ni Youth Organization (LYNYO) ၊ Mayangone Democratic Front (MDF) ၊ Owl Community နဲ့ Kyi Myin Daing Networks (KMD18) တို့ပါဝင်တဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ကတော့ အဖမ်းအဆီးတွေကြားကပဲ အာဏာရှင်ဆန့်ကျင်ရေး မြို့ပြလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

နတ်ရေကန်စခန်း ဗျူဟာကုန်း တိုက်ပွဲများမှ ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၆ ဦးကို CDF-Asho ဖမ်းမိခဲ့ပြီး နယ်မြေရှင်းလင်းချိန် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။