ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။
ထိုသို့သော ဖမ်းဆီးပေါ်တာဆွဲမှုတွေကို ရန်ကုန်မြို့ပန်းဆိုးတန်းဂုံးကျော်တံတားနားနဲ့ ဒလမြို့နယ်ဘက်မှာ ဒီဇင်ဘာလအတွင်းက တွေ့မြင်ခဲ့တယ်လို့ ဒလမြို့ခံတစ်ဦးက မောင်းကို ပြောပါတယ်။
“ရန်ကုန် ပန်းဆိုးတန်း ရန်ကုန်ဘူတာကြီး ဂုံးကျော် တံတားကနေအဆင်း အပေါ်ဘလောက် ဗိုလ်ချူပ်အောင်ဆန်းလမ်းမနဲ့ ဖရေဇာ အနော်ရထာလမ်းဖြတ်မှာ မှန်အမဲတပ်ထားတဲ့ အိမ်စီးကားအဖြူရောင်နဲ့ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့က လမ်းဘေးပလက်ဖောင်းပေါ် လမ်းလျှောက် သွားနေတဲ့ လူငယ်လေးတွေကို သေနတ်ချိန် ကားထဲ အဓမ္မဆွဲသွင်းသွားတာ တွေ့ရတယ်” လို့အဆိုပါဖြစ်ရပ်ကို တွေ့မြင်ခဲ့တဲ့ ဒလမြို့ခံက မောင်းကိုပြောပါတယ်။
ခုလိုဖြစ်ရပ်မျိုးကို ဗိုလ်တထောင်မြို့နယ်အတွင်းမှာ မျက်မြင်တွေ့ခဲ့သူ တစ်ဦးကတော့ “ညဖက်မှာ လူမိုက်ပုံစံနဲ့ လူတစ်စုက လူငယ်လေးဦးကို အဓမ္မဖမ်းဆီးသွားတာ တွေ့ခဲ့တယ်၊ ဘုရင့်နောင်နဲ့ မရမ်းကုန်းဖက်လည်း အဲ့လိုပေါ်တာဆွဲဖမ်းဆီးတာတွေရှိတယ်လို့ ကြားခဲ့ပေမယ့် အခုလိုမျက်မြင်တော့ မတွေ့မိဘူး”လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းထဲကမြို့နယ်တွေမှာ ဧည်စာရင်းစစ်ပြီး လူငယ်တွေကိုဖမ်းဆီးနေရာကနေ၊ အခုမှာတော့ စစ်မှုထမ်းဥပဒေနဲ့ ကြေးစားလူမိုက်တွေကိုသုံးပြီး၊ လူမြင်ကွင်းနေရာတွေမှာပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိလာတာပါ။ အင်တာနက်လူမှုကွန်ယက် စာမျက်နှာတွေမှာလည်း လူငယ်များ ပျောက်ဆုံးတယ်ဆိုတဲ့ လူပျောက်သတင်းတွေကို ဒီရက်ပိုင်း ခပ်စိတ်စိတ်တွေ့လာပါတယ်။
အဓမ္မစစ်မှုထမ်းရမှာကို နည်းပေါင်းစုံနဲ့ ရှောင်ရှားမှုတွေများလာတာကြောင့် စစ်သားသစ်စုဆောင်းမှုမှာ အခက်အခဲတွေ့လာတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ရန်ကုန်မြို့မှာ ရပ်ကွက်အလိုက် လူ ၄၀ မှ ၈၀ အထိ ပေးဖို့ ရပ်ကွက်အုပ်ကြီးတွေကို ဖိအားပေးပြောဆိုထားတယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေဆီကသိရပြီး၊ ဒီသတင်းအပေါ်မှာ စစ်ကောင်စီဖက်ကတော့ တရားဝင်ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။
ပုံစာ-ရန်ကုန်မြို့ ညဖက်မြင်ကွင်းတချို့
0 Shares:
You May Also Like
Read More

စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူနေ၊ အမှားရှိခဲ့ဖူးသူများ တောင်းပန်အသနားခံနိုင်ကြောင်း ပကဖ သတိပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေကို ကူညီပံ့ပိုးတာ၊ သတင်းထောက်ပို့လုပ်တာတွေကို ပြင်းထန်စွာအရေးယူနေတာကြောင့် အဆိုပါအမှားမျိုး ပြုလုပ်ခဲ့ဖူးရင် မြို့နယ် ပကဖ ဆီ တောင်းပန်အသနားခံနိုင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

သံတောင်ကြီး သပြေညွန့်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀ ဦးကျော်သေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သပြေညွန့်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၀ ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ထုတ်ပြန်ပါတယ်။