ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာကို မြဝတီမြို့မှာ ရှိတဲမီးသတ်ဦးစီးဌာနက လာရောက်မီးငြိမ်းသတ်ခဲ့ပေမဲ့ လူနေအိမ် ၄လုံး မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
“ဆိုလာမီးကနေတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့တော့ သိရတယ်၊ မီးသတ်ကား ချက်ချင်းရောက်လာပြီး မီးငြိမ်းသတ်ခဲ့တာတောင် အိမ် ၄ လုံးမီးလောင်တဲ့အထဲ ပါသွားတယ်၊ အိမ်မကြီးတွေ ၃ လုံးနဲ့ နောက်တစ်လုံးကတော့ တစ်အိမ်လုံး ကုန်သွားတာ”လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြဝတီမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံထုတ် ဆိုလာပြားတွေကို မြဝတီမြို့မှာရှိတဲ့သူတွေ အများအပြား လျှပ်စစ်မီး မမှန်တာကြောင့် ဝယ်ယူသုံးစွဲနေရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် အတော်များများမှာ လျှပ်စစ်မီးမမှန်တာကြောင့် လျှပ်စစ်မီးအစား ဆိုလာကို အသုံးပြုမှုတွေ များလာနေပြီး အခုလိုမီးလောင်ကျွမ်းမှု မဖြစ်နိုင်အောင် လေ့လာသုံးစွဲဖို့လိုအပ်တာ ဖြစ်ပါတယ်။
“အခုလို မီးလောင်မှု ဖြစ်ပွားရတာက ဆိုလာနဲ့ဘတ္ထရီအိုး အားသွင်းရာက အပူချိန်လွန်ကဲပြီး အင်ဗာတာကနေတဆင့် မီးလောင်ကျွမ်းသွားတယ်”လို့ မြဝတီမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ဆိုပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုအနေနဲ့ ကာလတန်ပိုး ကျပ်သိန်း ၅၀၀ ခန့် ရှိတယ်လို့ အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အင်အားဖြည့်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းက စစ်အုပ်စုတွေ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ ရှမ်းတပ်ရဲစခန်းကို ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

သွေးစွန်းသင်္ကြန်လှုပ်ရှားမှု အဖြစ် ရန်ကုန်မှာ ပြုလုပ်

ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။