ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၂၆ ယောက် သေပြီး ၂၇ ယောက် ဒဏ်ရာရကာ နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၈) ရက် မွန်းလွဲပိုင်းမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နဲ့ မြောက်ပိုင်းရပ်ကွက်တို့ မီးအပြင်းအထန် လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုအတွင်း နေအိမ်ပေါင်း (၃၉၈) လုံး ပျက်စီးပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ (၂၆) ယောက်၊ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ယောက်နဲ့ အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ယောက်နဲ့အထက် ရှိတယ်လို့ AA က ဆိုပါတယ်။
ဒါ့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် သေဆုံး ဒဏ်ရာရသူ အရေအတွက် ထပ်မံတိုးလာနိုင်သလို နောက်ထပ် သေဆုံး ဒဏ်ရာရသူ စာရင်း ရရှိရင် ထပ်မံသတင်းထုတ်ပြန်မယ်လို့ AA က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများနဲ့ လူနေရပ်ကွက်များကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို နေစဉ်နဲ့အမျှ ပြုလုပ်နေကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ရမ်းဗြဲမြို့ကို AA က ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ AA က ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့ကိုသာ သိမ်းယူဖို့ကျန်ရှိတော့သလို ကျန်မြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
ပုံစာ – ဇန်နဝါရီလ (၈) ရက်က စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုများ
0 Shares:
You May Also Like
Read More

ညီနောင်မဟာမိတ် ၃ ဖွဲ့ ငလျင်ကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကာလ ၁ လ ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ်လေယာဉ်နဲ့ ဗုံး အလုံး ၃၀ နီးပါး ကြဲချ၊ အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိုနှိုင်းရေးကသာ အဖြေဖြစ်တယ်လို့ မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုနေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။