ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force – Civic Defense Militia – Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၉) ရက် ညပိုင်းမှာ တီးတိန်မြို့ရှိ စစ်ကောင်စီရဲ့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ရတဖ (၂၆) တပ်ရင်းက ရဲတပ်သားဟာ CDF-CDM-SIYIN ဆီ လက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းက အလင်းဝင်ရောက်လိုတဲ့ တပ်သားတွေအနေနဲ့ CDF-CDM-Siyin ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
CDF-CDM-Siyin အနေနဲ့ အလင်းဝင်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို မြို့တွင်းမှာဖြစ်ဖြစ် ဘယ်လိုနေရာမှာ ဖြစ်ဖြစ် သွားရောက်ကြိုဆိုပေးမှာဖြစ်ပြီး သွားလိုတဲ့နေရာ၊ လုပ်လိုတဲ့ အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးမှာဖြစ်သလို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထား ပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။