အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ‌စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် ၁၁ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဗျူဟာ ၃၂ ‌စစ်ကြောင်းတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့က ဗိုလ်ဒါ‌ဘောဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်အတွင်း အဆိုပါတိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် (၁၁)ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၄၁၃) ယောက် သေဆုံးကာ (၃၁၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်က လက်နက်နဲ့ (၁၇) ယောက်၊ လက်နက်မဲ့ (၆) ယောက် ‌စုစုပေါင်း (၂၃)ဦး အလင်းဝင်ရောက်လာခဲ့ရာ ထိုက်တန်တဲ့ ဆုချီးမြှင့်ခြင်းနဲ့ ဘေးကင်းလုံခြုံစေဖို့ စီမံဆောင်ရွက်ခြင်းတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း (၂၁) ယောက် ဖမ်းဆီးရမိခဲ့သလို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် (၁၀၀) ကျော်နဲ့ လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆၃၇၄) ကြိမ်နဲ့အထက် ရှိခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်အယောက် (၄၀) တိုင်းပြည်အတွက အသက်ပေးလှူခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ အယောက် (၁၉၀) ရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်ပိုင်းစစ်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသည့် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်တပ် အကြောင်းမဲ့ ပစ်သတ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရာဘာခြစ်နေတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix - Special Warfare Force ကနေ သတင်း ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။ အဆိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်ခဲ့တဲ့ တောကျီးကန်း (၇) ကောင်စစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တောကျီးကန်း (၇) ကောင်စစ်ကြောင်းက မျိုးဆက်သစ် ရဲဘော်တွေ တက်ရောက်ပြီး စစ်ပညာသင်ယူခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဆိုပါသင်တန်းကာလ ၄ လတာ ပြီးဆုံးခဲ့ပြီးနောက် သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။