ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါအဝင် တပ်ဖွဲ့ဝင် (၁၆) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က အရာရှိ တပ်သားတွေ လက်နက်ချအလင်းဝင်လာမှုနဲ့ ပတ်သက်လို့ “ကတိုင်တိစခန်းကျသွားရင် လှဂွန်းပျိုဟာ ဆုတ်လမ်းမရှိဘဲ အကုန်အဝိုက်ခံရမှာကို သူတို့သိတယ်၊ ဒါကြောင့် တပ်မဟာ(၅)မှာ ကတိုင်တိနဲ့ မဲပလီကို ဝင်တိုက်တော့ လှဂွန်းပျိုစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေလက်နက်ချ အလင်းဝင်လာတာဖြစ်တယ်” လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မှတ်ချက်ပေးထားပါတယ်။

ဇန်နဝါရီလ (၇)ရက်မှာ လက်နက်ချ အလင်းဝင်ရောက်လာတဲ့ ဗိုလ်မှူး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဆီက (၈၁)မမ စိန်ပြောင်း (၁)လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မိုင်းတွေ၊ ခဲယမ်းတွေနဲ့ စစ်သုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းဟာ ဖာပွန်က စစ်ကောင်စီတပ်စခန်းတွေကို ထောက်ပို့ပေးတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပြီး အရေးပါတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

လက်နက်ချ အလင်းဝင်ရောက်လာသူတွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုမှ မကျင်းပနိုင်သည့် မြို့နယ် ၉ ခု စာရင်း စစ်အုပ်စု ထပ်တိုး

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ စတင်ကျင်းပဖို့ ၁၂ နာရီအလိုမှာမှ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် ထပ်မံတိုးလာကြောင်း ဒီဇင်ဘာလ ၂၇ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

တနင်္သာရီတိုင်းထဲမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့၊အောက်တိုဘာလအတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေ အသိပေး

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi က အသိပေးထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။