ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်နဲ့ နီးကပ်ကာ ဧရာဝတီတိုင်းထဲမှာရှိတဲ့ မကျီးဇင်ရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဇန်နဝါရီ ၉ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီမနက် ၇နာရီကျော်လောက်က ကျုံပျော်အခြေစိုက်တပ်ရင်း ၃၆ ကနေ ကား၇စီးနဲ့ စစ်သား ထုတ်နုတ်အင်အားတွေ ထွက်သွားတာ။ အမိုးဖွင့်ထားပြီး လက်နက်ကြီးတွေ တင်ထားတဲ့ကား ၂စီးနဲ့ အမိုးအလုံပိတ်ကား ၅စီး ထွက်သွားတယ်။ မနေ့ညနေက တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ မကျီးဇင်ကျေးရွာဘက်ကို ပို့တာလို့သိရတယ်” လို့ ကျုံပျော်မြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“ကျုံပျော်မြို့အခြေစိုက်တဲ့ ခလရ ၃၆ တပ်ရင်းထဲမှာက စစ်သားအင်အား အများကြီးရှိတာ မဟုတ်ဘူး။ စစ်မှုထမ်းပေါ်တာဆွဲထားတဲ့ စစ်သားတွေဖြစ်ဖို့များတယ်” လို့လည်း အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ရခိုင့်တပ်တော် AA ဟာ ဒီဇင်ဘာ ၂၈ မှာ ရခိုင်ပြည်နယ်အစွန်ဆုံးက ဂွမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧရာဝတီတိုင်းထဲကို ထွက်ပြေးဝင်ရောက်ကာ စစ်ကောင်စီက စစ်အင်အား အများအပြားနဲ့ ခံစစ်ဆင်နေခဲ့ပါတယ်။ 

AA ရဲ့ ထိုးစစ်တွေဟာ ဧရာဝတီတိုင်းထဲကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA ဘက်က တရားဝင်ထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။

 

0 Shares:
You May Also Like
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ဟိုပန်ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သည့် ကလေးငယ်အပါ အမျိုးသမီး (၄) ဦးအား အဓမ္မ ပြုကျင့်မှုဖြင့် UWSA ရာထူးဆိုင်းငံ့၊ လျော်ကြေးငွေယွမ် (၃) သိန်း ပေးဆောင်စေပြီး ထောင်ဒဏ် (၁၀) နှစ် ချမှတ်

"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင်က ခရိုင်မှူးဖြစ်သူ တာ့ညီလင်းဟာ အမျိုးသမီးငယ် (၄) ယောက်ကို အဓမ္မပြုကျင့် စော်ကားခဲ့မှုနဲ့ UWSA - တရားစီရင်ရေးဌာနက သြဂုတ် ၁၆ ရက် မနေ့က လူထုရှေ့မှာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ "ဝ" လူငယ့်အသံက သတင်းဖော်ပြထားပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး မီးရှို့နေ၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က နှမ်းဆီကန် ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ပြေးလာသည့် ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

အပြစ်မဲ့ အရပ်သား (၂) ဦးကို ARSA သတ်ဖြတ်ခဲ့ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။