အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    

ဇန်နဝါရီလ ၈ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်က KNDF/B-34 ဆီ MA-1 တစ်လက်၊ ကျည် ၁၂၂ တောင့်၊ ကျည်ဘောက် ၃ ဘောက်၊ 14 မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အဓမ္မ စုဆောင်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် အလင်းဝင်လာတာဖြစ်သလို KNDF/B-34 အနေနဲ့လည်း ရောက်ရှိလာတဲ့တပ်သားကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်က ရုန်းထွက်ကြဖို့နဲ့ အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြဖို့ KNDF/B-34 တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် နေပြည်တော် PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းလက်ပံ Shunda Park ကျားဖြန့်ခြံဝင်းကို ချိတ်ပိတ်လိုက်ကြောင်း KNU ကြေညာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ် မင်းလက်ပံရှိ Shunda Park ကို ကော်သူးလေရဲ့ တရားရေးစနစ်နဲ့အညီ ချိတ်ပိတ်လိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ခြံဝင်းအတွင်းရှိ သက်သေခံအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။