ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်သားနဲ့ ပြည်သူ့စစ် ၄၀ ကျော် သေပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်အဖွဲ့ကနေ အသက် (၁၅) နှစ်အရွယ် ကလေးစစ်သား ၁ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

PNO ပြည်သူ့စစ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုအတွင်း ကလေးတွေပါဝင်နေပြီး သူတို့ကို မူးယစ်ဆေးသုံးစွဲစေကာ အရပ်သားတွေကို ဆက်ကြေးကောက်ညှင်းပန်းနှိပ်စက်တဲ့ လုပ်ရပ်တွေ စေခိုင်းခံနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားများ စွန့်ခွါထွက်ပြေးသွားသည့် ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းအား တော်လှန်ရေးတပ်များ ရှင်းလင်းရေးလုပ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စွန့်ခွာထွက်ပြေးသွားတဲ့ တပ်စခန်းကို တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တို ဘာ ၁၇ ရက် ညနေပိုင်းက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။