နေပြည်တော်မှာနေထိုင်သူ အမျိုးသမီးတစ်ယောက်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆုစန္ဒီဝင့်ဆိုတဲ့ အဲဒီအမျိုးသမီးကို ကာလပေါက်ဈေးကျပ် ၂,၅၃၈ သိန်းတန်ကြေးရှိ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါး Happy Water အလေးချိန် ၂.၁၁၅ ကီလိုနဲ့အတူ ဒီဇင်ဘာလ ၂၉ ရက်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံသူတွေအကြား နာမည်ကြီးတဲ့ အသက် ၃၄ နှစ်အရွယ် ဆုစန္ဒီဝင့်ဟာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက် နယ်မြေ(၃)မှာ နေထိုင်သူဖြစ်ပြီး တောင်ကြီးမြို့ဘက်ကနေ ရန်ကုန်မြို့ဘက် မောင်းနှင်လာတဲ့ ခရီးသည်တင်ကားပေါ် လိုက်ပါလာချိန် စစ်ကောင်စီရဲတပ်ဖွဲ့က စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

(ဓာတ်ပုံ CCDAC Myanmar)
(ဓာတ်ပုံ CCDAC Myanmar)

စစ်တပ်ထောက်ခံပွဲတွေ စင်ပေါ်တက်ပြီး စစ်ကောင်စီကို ထောက်ခံအားပေးကြောင်း ပြောဆိုလေ့ရှိတဲ့ ဆုစန္ဒီဝင့်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ စစ်တပ်ကို ထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဆုစန္ဒီဝင့်ဟာ အာဏာသိမ်းကာလဆန္ဒပြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနိုင်ရေး သတင်းပေးခဲ့သူတစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့က ဆုစန္ဒီဝင့်အမှုကတဆင့် တာချီလိတ်မြို့ခံ အမျိုးသားတစ်ယောက်ကိုပါ ထပ်မံဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေ ဆိုင်ရာဥပဒေနဲ့ သက်ဆိုင်ရာ အမှုဖွင့်အရေးယူထားကာ ကွင်းဆက်တွေ ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူလေတပ် တိုက်ခိုက်မှုအတွင်း လေယာဥ်ခဲယမ်းနှင့် ဗုံးသီးဂိုဒေါင် ပေါက်ကွဲပြီး လုံခြုံရေး ၆ ဦး သေ၊ ပြင်းထန်သည့် ထပ်ဆင့်ပေါက်ကွဲမှုများပါ ဆက်ဖြစ်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ခဲယမ်းနဲ့ ဗုံးသီးဂိုဒေါင်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ကာ လုံခြုံရေးယူနေသူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ကြောင်း BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ၂၁ ယောက်သေ၊ ၈ ဦးဖမ်းမိ၊ လက်နက် (၃၉) လက် သိမ်းဆည်းရမိ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာတဲ့ ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီး အောင်ဇော်မင်း ဦးဆောင်တဲ့ တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။