မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။  

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးမှာ ပါဝင်တဲ့ နိုင်ငံတကာကုမ္ပဏီတွေ၊ အစိုးရတွေဟာ တာဝန်ယူမှုရှိစွာနဲ့ အဲဒီလေယာဉ်ဆီတွေကို ဘယ်သူတွေက ဘယ်လိုအသုံးပြုတယ်ဆိုတာကို ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ပြီးမှသာ တင်သွင်းဖို့ လိုအပ်တယ်လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  

“မြန်မာစစ်အုပ်စုကို လေယာဉ်ဆီ ပိတ်ဆို့မှုတွေ လုပ်ပါတယ်ဆိုတာ ပြည်တွင်းကုမ္ပဏီတွေကိုသာ ဖြစ်ပါတယ်။ လေယာဉ်ဆီက နိုင်ငံတကာ ကုမ္ပဏီတွေကနေ လာတာပါ။ မူရင်း အဓိကကျတဲ့ နိုင်ငံတကာ လောင်စာကုမ္ပဏီတွေ၊ ရေကြောင်း အာမခံကုမ္ပဏီတွေကို ဘယ်နိုင်ငံကမှ အခုအချိန်ထိ အရေးမယူသေးပါဘူး။ နိုင်ငံတကာကနေ ပို့နေတဲ့ လေယာဉ်ဆီတွေကြောင့် မြန်မာပြည်က အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နေ့စဉ်သေကြေ ပျက်စီးနေရပါတယ်။ အရပ်သားတွေရဲ့ နေ့စဉ် လူမှုဘဝတွေ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးနေရပါတယ်” လို့ Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု) ရဲ့  ပြောရေးဆိုခွင့်ရှိသူ မူလန်က ဆိုပါတယ်။

အဓိကကျတဲ့ လေယာဉ်ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ၊ အာမခံကုမ္ပဏီတွေကို ဘယ်နိုင်ငံကမှ လက်ရှိအချိန်အထိ အရေးမယူသေးတာကြောင့် အခုလို စောင့်ကြည့်တဲ့  ယန္တရားထူထောင်ပြီး လုပ်ဆောင်ချိန်တန်ပြီဖြစ်ကြောင်း သူကဆိုပါတယ်။

နိုင်ငံတကာ အစိုးရတွေအနေနဲ့ စစ်ကောင်စီကိုလေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဖို့ ပြောဆိုနေမယ့် အစား စစ်အုပ်စုကို လေယာဉ်ဆီ၊ လေယာဉ် ဆက်စပ်ပစ္စည်းတွေနဲ့ နည်းပညာတွေ ရောင်းချ ထောက်ပံ့ပေးနေတာမျိုးတွေကို အရေးယူဖို့သာ အခုချိန်မှာ အရေးတကြီး လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက်  နိုင်ငံတကာက သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးနေတာကြောင့် အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ပျက်စီးနေပြီး  ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

မြန်မာပြည်ကို လေယာဉ်ဆီတွေ ပိတ်ဆို့ဖို့  ပျက်ကွက်မှုတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း၊ ကလေးငယ်တွေ ပညာသင်ကြားခွင့်ဆုံးရှုံးရခြင်း၊ အစာရေစာပြတ်လတ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို ထိခိုက်ခံစားစေရတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆိုးရွားစွာ ပျက်စီးတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်ကို အာဏာစသိမ်းပြီး ၄ နှစ်နီးပါးအတွင်း နိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးကို စိတ်ကြိုက်စိုးမိုးခြယ်လှယ်ကာ အရပ်ဘက် (ခရီးသည်တင်) လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ဆီတွေကိုပါ စစ်ရေးမှာ အသုံးပြုနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

သွေးစွန်းငွေအဖွဲ့၏ ထုတ်ပြန်ချက် (ဓာတ်ပုံ Blood Money’s Facebook)

လေ့လာတွေ့ရှိချက်တွေအရ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပြည်သူတွေ စုဝေးတဲ့ စျေး၊ အလှူအတန်း၊ ပွဲလန်းသဘင်၊ ဘာသာရေးပွဲတော်၊ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေကို ဦးတည်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ  လေယာဉ်ဆီ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ မြန်မာပြည်တွင်း ကုမ္ပဏီတွေကိုသာ ပိတ်ဆို့ခြင်းဖြစ်ပြီး အဓိကကျတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို အရေးယူမှု မရှိသေးပါဘူး။

ဒါတွေဟာ ပိတ်ဆို့အရေးယူမှုတွေရဲ့ စောင့်ကြည့်ရေးယန္တရားနဲ့ အရေးယူမှုအပိုင်းမှာ ထိရောက်မှုတွေ အားနည်းတာကြောင့် စစ်ကောင်စီက နိုင်ငံတကာက လေယာဉ်ဆီနဲ့ လေယာဉ်ထုတ်လုပ်ရေး နည်းပညာတွေ၊ ဝန်ဆောင်မှုတွေကို ဆက်လက် ရရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်  ကုလ၊ ဥရောပ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီနဲ့ လေယာဉ် အစိတ်အပိုင်း နည်းပညာတွေ ထောက်ပံ့ ကူညီနေမှုကို အမြန်ဆုံးဟန့်တားအရေးယူဖို့လိုအပ်နေပြီဖြစ်တယ်လို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်အထိုင်စခန်းက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု(၂) ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတွေက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ - ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။