မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၄ ကြိမ်ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်တပ် Jammer ကြောင့် Fixed Wings ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရကာ ပေါက် ပကဖ ရဲ့ DJI Mavic ၃စီးလည်း ပျက်ကျခဲ့ရတယ်လို့ သိရပါတယ်။

ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာ အလှူမီနီယံကို ပုံလောင်းဖို့ အဓိက အသုံးပြုတဲ့ အလူမီနီယံ အရည်ကြို စက်ရုံဖြစ်တယ်လို့  သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ပေါက် ပကဖ၊ ပုံတောင်တိုက်ဂါး PDF နဲ့ Eagle wings Drone force တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် မနေ့နေ့လယ်ပိုင်း စစ်အာ ဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Democracy Movement Strike Committee-Dawei ထံက သိရပါတယ်။
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့မှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကူစစ်ကြောင်းကို ပါ ထပ်မံမိုင်းဆွဲမှုကြောင့် ရဲအရာရှိ ၁ ယောက်အပါအဝင် ၉ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် စီးနင်းလာတဲ့ ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay - Mine Team အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကနဲလေးစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို မေလ ၂၈ ရက် မနေ့ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ထားပါတယ်။