ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၉) ရက်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း (၂) လောင်း၊ ဒီဇင်ဘာ (၁၂) ရက်မှာ ရုပ်အလောင်း (၃) လောင်းနဲ့ ဒီဇင်ဘာလ (၂၅) ရက်မှာ ရုပ်အလောင်း (၁)လောင်း တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်အလောင်းအားလုံးဟာ မူးယစ်​ဆေး သုံးစွဲသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၁) ရက်ကလည်း ဟိုမွန်ရပ်ကွက်က အလှပြင်ဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ယောက် ခေါင်း‌လျှော်နေချိန် အမည်မသိအမျိုးသားတစ်ယောက်က ကားရွှေ့ပေးမယ်ဆိုပြီး ကားသော့တောင်းယူကာ ကားမောင်းထွက်ပြေးသွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒီဇင်ဘာလ (၂၂) ရက်ကလည်း ပစ္စည်းသွားပို့တဲ့ အမျိုးသမီး (၂) ယောက်ကကို ရွှေသမင်ကုန်းအဆင်းနားမှာ အမျိုးသား (၂) ယောက်က ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်မှာလည်း ကားစီးလာတဲ့ တရုတ်အမျိုးသား (၂) ယောက်ဟာ ဈေးသည် အမျိုးသမီး (၁) ယောက်ကို ဓားပြတိုက်ပြီး ငွေတွေ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူတာ မရှိဘူးလို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလျှင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်ရန် လက်တွေ့ သင်ကြား ပို့ချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။