မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကပစ ၂၄ ကို Fixed Wings ဒရုန်း ၆ စီး အသုံးပြုကာ ၆၀ မမ ဗုံးသီး ၆ လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပေါက် ပကဖ၊ ပုံတောင်တိုက်ဂါး PDF၊ Eagle Wings Drone Force တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ ကပစ ၂၄ က မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် ကာကွယ်ရေး စစ်လက်နက်ခဲယမ်း ထုတ်လုပ်ရာမှာ ဒုတိယအကြီးဆုံး ထုတ်လုပ်ရေးတပ်လို့ သိရတယ်” လို့ Eagle Wings Drone Force တပ်ဖွဲ့က ကိုဇေယျာမင်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းစစ်ဆင်ရေး ပြုလုပ်နေစဉ်

ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာ အလှူမီနီယံကို ပုံလောင်းဖို့ အဓိက အသုံးပြုတဲ့ အလှူမီနီယံ အရည်ကြို စက်ရုံလို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ၈၁ မမ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပေမယ့် ရန်သူ့ Jammer ကြောင့် Fixed Wings Drone Force ရဲ့ Fixed Wings ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရသလို ပေါက် ပကဖ ရဲ့ dji mavic ၃ စီးလည်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Read More

ဟိန္ဒူဘာသာဝင်တွေအပေါ် လူမျိုးရေးခွဲခြားလှောင်ပြောင်ထားတဲ့ ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ဒီပါ၀လီနေ့ နီးကပ်လာစဉ်မှာ ရုံတင်ပြသ၊ ဟိန္ဒူဘာသာဝင်တွေ အပြင်းအထန်ကန့်ကွက်နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

လားရှိူးတွင် နေရပ်မပြန်နိုင်သေးသည့် ကျောက်မဲစစ်ဘေးရှောင်နှင့် နမ္မတူစစ်ဘေးရှောင်တို့ စုစုပေါင်း (၃၀၀၀) ဝန်းကျင်ထိ ရှိလာဟု SSPP ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦးကျော် ဒဏ်ရာရမှု မဟုတ်မမှန်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ပြော

“စခန်းရှိမယ်ထင်တဲ့နေရာတွေ လိုက်ပြီးချတာ။ ထူးထွေတော့ ဘာမှမဖြစ်ဘူး။ တဲတစ်လုံးပဲ ထိသွားတယ်။ လိုင်းပေါ်မှာ ကျနော်တွေ့တယ်။ ကာကွယ်ရေးရဲဘော် ၁၀ ယောက်ထိတာတို့၊ ရွာထဲက ဒေသခံတွေ ထိတာတို့ မဟုတ်ဘူး။ အဲဒါ အလကားပါ။ သူတို့ကြဲသွားတာ တောတွေကို ပစ်သွားတာ၊ ရွာကို မပစ်ဘူး” လို့ ကျောင်းသားတော်လှန်ရေးတပ် Student’s Revolution Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

KIA နဲ့ TNLA တို့အကြား မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်ရန် NUG မေတ္တာရပ်ခံ

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြား မြေပြင်မှာ  သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  အခက်အခဲမရှိ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်အစိုးရ (NUG) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။