မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အသက် ၆၀ အရွယ် တာကီရှိ အီဘာဆာဝါဟာ မြန်မာကနေ တခြားနိုင်ငံတွေဆီကို ယူရေနီယံနဲ့ လက်နက်အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မှောင်ခိုသယ်ပို့ခဲ့ကြောင်း နယူးယောက်၊ မန်ဟက်တန်မှာ အပြစ်ဝန်ခံခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်စွဲချက်တွေအတွက် အပြစ်ရှိကြောင်းကိုလည်း အီဘာဆာဝါက ဝန်ခံခဲ့ပါတယ်။

အီရန်မှာအသုံးပြုမယ်လို့ ယူဆရတဲ့ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မြန်မာပြည်ကနေ မှောင်ခိုသယ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက အီဘာဆာဝါကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလမှာ တရားစွဲဆိုခဲ့တာပါ။ နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်ပြစ်မှုတွေအတွက်ကိုတော့ ၂၀၂၂ ကတည်းက တရားစွဲခံခဲ့ရတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်ရှိ ဂိုဒေါင်တစ်ခုတွင် ဒုံးပျံလောင်ချာတစ်လုံးနှင့်အတူ ဂျပန်ရာကူဇာ ခေါင်းဆောင် Takeshi Ebisawa ကို တွေ့ရစဉ် (ဓာတ်ပုံ Reuters)

“အီဘာဆာဝါရဲ့ ဒီနေ့ ဖက်ဒရယ်တရားရုံးမှာ ဝန်ခံချက်အရ သူဟာ မြန်မာပြည်ကနေ လက်နက် အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီးယား ကုန်ကြမ်းပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်း မှောင်ခို ရောင်းဝယ်ခဲ့တယ်” လို့ နယူးယောက် တောင်ပိုင်းခရိုင် ရှေ့နေ Edward Kim က ပြောပါတယ်။

“တချိန်တည်းမှာပဲ သူဟာ မြန်မာနိုင်ငံက စစ်မြေပြင်တွေမှာ အသုံးပြုမယ့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေလို အကြီးစား လက်နက်ကြီးတွေနဲ့ လဲလှယ်ဖို့ ဘိန်းဖြူနဲ့ စိတ်ကြွဆေး အမြောက်အမြားကို အမေရိကန်ပို့ဖို့လုပ်ခဲ့ပြီး ဆေးရောင်းပြီးရတယ်လို့ ယူဆရတဲ့ ငွေတွေကို နယူးယောက်ကနေ တိုကျိုအထိ ငွေခဝါချခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

အီဘာဆာဝါရဲ့ အကြံအစည်ကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်း အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း – Japanese crime leader pleads guilty in US to trafficking nuclear materials from Myanmar

0 Shares:
You May Also Like
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။