မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၈ရက် မနေ့က မနက်အစောပိုင်းမှာ ဆိပ်ဖြူအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံက ထွက်လာတဲ့ စစ်ကောင်စီကားတန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲမှုကြောင့်စစ်‌‌ကောင်စီ ကား၂စီး ထိုးရပ်သွားပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

“ပထမက ၂ စီး၊ နောက်မှ ရောက်လာတာက ၃စီးဗျ။ အဲ့ပထမ ၁စီးက ကျနော်တို့ မိုင်းဆွဲတာနဲ့ ထိုးရပ်သွားတာ နောက်၁စီးကတော့ လမ်းပေါ်တင်ရပ်သွားတယ်။ အဲ့မှာ ဝိုင်းပစ်တော့ သူတို့ဆီကအော်သံတွေတောင် ကြားရပါတယ်။” လို့ ပခုက္ကူခရိုင်တပ်ရင်း (၄) ၊တပ်ခွဲ (၁)၊ သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

စစ်ကောင်စီဘက်က ၃ပွင့်ဗိုလ်အပါ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် စစ်ကူအများအပြားရောက်ရှိလာပြီး အနီးနားကျေးရွာကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ကာ ပျက်စီးသွားတဲ့စစ်ကားကို ပြန်ဆွဲသွားကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်‌‌ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေရှိရာကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့အတွ​က် CAF-SPU PDF ပခုက္ကူခရိုင် အမှတ် ၄တပ်ရင်း၊ တပ်ခွဲ (၁) ဒုတပ်ခွဲမှူး မိုင်းစထိမှန်တဲ့ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ရုံက လွဲလို့ အောင်အောင်မြင်မြင်နဲ့  ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၄ဦး CDF-Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။