ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာ ၄ ရက်နေ့ က ဗန်းမော်မြို့ နဲ့ မံစီမြို့တွေကို တပြိုင် နက်ထိုးစစ်ဆင်နေတာဖြစ်ပြီး မံစီမြို့ ကစစ်ကောင်စီ တပ်စခန်းတွေ အားလုံးကို မနေ့က ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။  

မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ထပ်မံရရှိခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို Banmaw Scout Team ကဖော်ပြလာခြင်း ဖြစ်ပါတယ်။

မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) တို့ကို KIA က သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့တယ်လို့  ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

KIA ဟာ မံစီမြို့မှာ အထက်ပါ တပ်စခန်း ၃ ခုကလွဲလို့ တစ်မြို့နယ်လုံးကို ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာ အဲဒီ တပ်စခန်း ၃ကို သိမ်းပိုက်နိုင်ပြီဖြစ်တာကြောင့် မံစီဟာ စစ်ကောင်စီ ကင်းစင်သွားခဲ့ပြီဖြစ်ပါတယ်.

KIA ပူးပေါင်းတပ်တွေဟာ မံစီနဲ့ ဗန်းမော်ကို ဒီဇင်ဘာ ၄ရက်နေ့မှာ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မံစီမြို့ကို ရရှိသွားပြီဖြစ်သလို ဗန်းမော်ကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။

(ဓာတ်ပုံ Banmaw Scout Team)

0 Shares:
You May Also Like
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

နွားထိုးကြီးတွင် မီးရှို့လူသတ်သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။