ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။

Rangoon Scout Network ရဲ့အဆိုအရ စစ်မှုထမ်းသင်တန်း အပတ်စဥ်(၉) အတွက် လူခေါ်ယူရာမှာ အရင်လို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လူအင်အားအရေအတွက်အလိုက် ပို့ဆောင်ပေးရတာမျိုးမဟုတ်တော့ဘဲ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ရရှိထားတဲ့ နာမည်စာရင်းအတိုင်း ခေါ်ယူတာတွေလုပ်ဆောင်လာကြောင်း သိရပါတယ်။

ဒီလိုလုပ်ဆောင်မှုက အပေါ်ယံအမြင်အရ ရပ်ကျေးအာဏာပိုင်တွေရဲ့ စစ်မှုထမ်းလူစားထိုး ငွေကြေးစျေးကွက်ကို ဟန့်တားနိုင်အောင်ဆိုပြီး ရည်ရွယ်ပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီ အာဏာပိုင်တွေအတွက် အခွင့်အလမ်းဖြစ်​နေဆဲပဲလို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

“အခုလိုကြပ်လိုက်တယ်ဆိုပေမယ့် စစ်တပ်ဆိုတာ နေရာစုံ ခြစားနေတဲ့ အဖွဲ့အစည်းမို့ လာဘ်စား လာဘ်ယူတာတွေ ရှိနေဦးမှာပဲ။ အရင်က အုပ်ကြီးတွေ လုပ်ကွက်ဂွင် ပိုရနေရာကနေ အခုစစ်သားတွေအတွက် ဂွင်ပိုဖြစ်သွားတယ်လို့ မြင်တယ်ဗျ။ ဒါပေမယ့် ဆင်ခြေဖုံးမြို့နယ်တွေထဲတော့ သိပ်ထူးခြားသွားတာ မတွေ့ရပါဘူး။ ပုံမှန်လူငယ်တွေ ဖမ်းဆီးခံနေရဆဲပါ။ မြို့ထဲဘက်တွေမှာပဲ ပိုရိုက်ခတ်လာတာ တွေ့ရပါတယ်။ ဆက်စောင့်ကြည့်နေဆဲပါ။” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ လှိုင်နဲ့ လှိုင်သာယာလို ဆင်ခြေဖုံး နေရာတွေ၊ မာရှယ်လောမြို့နယ်တွေမှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှုအတော်လေး ဆိုးဝါးနေတယ်လို့ သိရပါတယ်။

ရှေ့အပတ်စဉ်တစ်ခုက စစ်မှုထမ်းဥပဒေအတွက် လူငယ်များ စုဆောင်းခံထားရစဥ်

ဖမ်းဆီးခံရတဲ့နေရာမှာလည်း နာမည်စာရင်းနဲ့တကွ အိမ်တိုင်ရာရောက် ဧည့်စာရင်းစစ်ရင်း လာရောက်ဖမ်းဆီးတာ၊ လမ်းသွားလမ်းလာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ရုတ်တရက်ဝင်ရောက်ဖမ်းဆီးတာမျိုးတွေနဲ့ စစ်မှုထမ်းအတွက် စုဆောင်းကြတာဖြစ်ပြီး ငွေညှစ်ခံဝန်ကတိထိုးခိုင်းကာ ပြန်လွှတ်ပေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးက မြို့နယ် ၇ခုမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း လူငယ် ၃၉၁ ယောက်ထက်မနည်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဖော်ပြပါတယ်။ 

စာရင်းအရ ဒီဇင်ဘာလအတွင်းမဟာအောင်မြေမြို့နယ် (၃၈)ယောက်၊ အောင်မြေသာစံမြို့နယ် (၆၄) ယောက်၊ ချမ်းမြသာစည်မြို့နယ် (၅၂)ယောက်၊ ချမ်းအေးသာစံမြို့နယ် (၂၅ ) ယောက်၊ အမရပူရမြို့နယ် ( ၅၃) ယောက်၊ ပြည်ကြီးတံခွန်မြို့နယ် (၈၂)ယောက်နဲ့  ပုသိမ်ကြီးမြို့နယ်မှာ (၇၇) ယောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မဟာအောင်မြေမြို့နယ်၊ ရပ်ကွက်၁ခုမှာ စစ်မှုထမ်းဥပဒေအသက်သွင်းချိန်ကစလို့ လူငယ် အယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလအတွင်းမှာလည်း လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေ မှာ အရင်လို အရပ်သားတွေရဲ့ ဖုန်းကို တောင်းယူကာ VPN ရှိမရှိစစ်ဆေးတာတွေ ပြန်လည်လုပ်ဆောင်လာကြောင်း Voice Of Mandalay ကဖော်ပြပါတယ်။

လက်ရှိ စစ်မျက်နှာစုံမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုင်းနဲ့ပြည်နယ်အနှံ့က မြို့နယ်တွေ၊ ရပ်ရွာတွေမှာ လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မြေပြင်တွေဆီ ပို့ဆောင်ခဲ့တာဟာ လအပတ်စဥ် (၉) ကို ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီထိပ်သီးခေါင်းဆောင် လာဖို့ရှိသည့် စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားသည့် AA က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ဟု ပြောကြား

ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

စစ်ကောင်စီတပ် နောင်ချိုကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။