ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နှစ်ရှည်လများ ပစ်ထားခဲ့တဲ့ လေယာဉ်ကွင်းကို အသည်းအသန် ပြုပြင်နေပြီး ဧရာဝတီတိုင်းထဲက တချို့မြို့နယ်တွေမှာ လေယာဉ်ကွင်းအသစ်၊ ဟတ်စကီးကွင်း အသစ်တွေပါ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

“ခလရ ၁၈ အနီးနားမှာရှိတဲ့ လေယာဉ်ကွင်းကပစ်ထားတာကြာပြီ။ အခုမှ အားခြင်းပြုပြင်နေတာ။ ရခိုင်ဒေသက စစ်ပွဲတွေကြောင့် ကြောက်ချေးပန်းပြီး လေယာဥ်ကွင်းတွေ လုပ်နေတာ။ ကျုံပျော် နဲ့ရေကြည်ဘက်မှာလည်း လေယာဥ်ကွင်းတွေ အားခြင်းဆောက်လုပ်နေတယ်” လို့ ဟင်္ဟသာတမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

အခုပြုပြင်နေတဲ့ လေယာဉ်ကွင်းဟာ ပုသိမ်-ဟင်္သာတ ကားလမ်းဘေးမှာ ရှိပြီး လေယာဉ်အတက်အဆင်း မလုပ်တော့တာ နှစ် ၂၀ ကျော်လောက် ပြီလို့ သိရပါတယ်၊ ဂေါက်ကွင်းလုပ်ကာ လုပ်ငန်းရှင်တချို့နဲ့ စစ်တပ်က လူကြီးတွေ ဂေါက်ရိုက်နေခဲ့ရာကနေ အခု အရေးပေါ် လေယာဉ်ကွင်း ပြန်လုပ်နေတာလို့ အဖက်ပါ ဒေသခံက ပြောပါတဘ်။

ပြီးခဲ့တဲ့လကလည်း ရေကြည်မြို့၊ မြောက်စမ်းကျေးရွာက ၃၄၄ အမြှောက်တပ်ဝန်းထဲမှာ လေယာဉ်ကွင်း ၁ခု၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာမှာ လေယာဉ်ကွင်း ၁ခုနဲ့ ကျုံပျော်မြို့နယ် ခလရ ၃၆ တပ်ရင်းအနီးမှာ လေယာဉ်ကွင်းတစ်ခု အမြန်ဆောက်လုပ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

အုတ်ဖို၊ ပဲခူးရိုးမအစပ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။