မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 

တော်လှန်ရေးကို စိတ်ပါဝင်စားပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ MBT တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်နိုင်သူတွေကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ 

MBT တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅နှစ်အတွင်း ကျန်းမာသန်စွမ်းတဲ့ အမျိုးသားဖြစ်ပြီး တပ်စည်းကမ်းတွေကို လိုက်နာကာ တပ်ဖွဲ့ကနေ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

“မြို့ပေါ်မှာရှိတဲ့ လူငယ်တွေအနေနဲ့ စစ်အုပ်စုပေါ်တာဆွဲတာခံပြီးတော့ ပြည်သူဘက်ကို ပြောင်းဝပြန်လှည့်တဲ့ စစ်တပ်ဘက်ကို ရွေးချယ်မလား… စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေတဲ့ ကျနော်တို့နဲ့ လက်တွဲမလားပေါ့နော်… ကျနော်တို့ လူငယ်တွေကို ကြိုဆိုနေပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

Myingyan Black Tiger (MBT) ၏ တပ်သားသစ်ခေါ်ယူခြင်း ထုတ်ပြန်ကြေညာချက်

MBT တပ်ဖွဲ့နဲ့အတူ စစ်အာဏာရှင် ပြုတ်ကျရေးမှာ တိုက်ပွဲဝင်လိုသူတွေ အနေနဲ့ အခြေခံစစ်သင်တန်းပြီးဆုံးချိန်မှာ ရွေးချယ်စရာ ရာထူးတာဝန်တွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ 

မြေပြင်ချေမှုန်းရေးဆိုရင် ရန်သူ စစ်ကောင်စီတပ်ဖွဲ့တွေကို အနီးကပ်ချေမှုန်း တိုက်ခိုက်ရမှာဖြစ်ပြီး ဒရုန်းစစ်ဆင်ရေး၊ မြေပြင်ထောက်ပို့နဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေး တာဝန်တွေကို မိမိစိတ်ပါဝင်စားရာအလိုက် ရွေးချယ်တာဝန် ထမ်းဆောင်လို့ ရတယ်လို့ သိရပါတယ်။ 

MBT ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ် နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေမှာ စစ် ဆင်ရေးလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်သလို သက်ဆိုင်ရာဒေသက တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးတွေ အတူတကွ ဖော်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် MBT တပ်ဖွဲ့ဟာ မီတာ ၁၀၀ အတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်နိုင်ပြီး ကျည်ဝယ်ရလွယ်ကူတဲ့ 5.56 mm ကျည်သုံးသေနတ်ကိုလည်း အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ခင်ရန်း ပျူစခန်းနှင့် မြစ်သာဆည်ပေါ် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စခန်းမှူးအပါ ၆ ဦးသေဆုံးပြီး ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဗမာပြည်နယ်ပေါ်ထွန်းရေးနှင့်အတူ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည့် ဗမာ့တပ်တော်-Bamar Army ကို ၂၀၂၅ နှစ်သစ်တွင် စတင်ဖွဲ့စည်း

စစ်အာဏာရှင်ကို မြန်မာပြည်အလယ်ပိုင်းကနေ အခြေပြု တွန်းလှန်ရင်း ဗမာတိုင်းရင်းသားလူမျိုးစု ပြည်နယ်ပေါ်ထွန်းရေးကို ကြိုးစားသွားဖို့ရှိတဲ့ ဗမာ့တပ်တော် - B​amar Army ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်ရှိ ၁၂ ထပ် ကျားဖြန့် အဆောက်အအုံကို အကြမ်းဖက် စစ်ကော်မရှင် ဖြိုချပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ၁၂ ထပ်အဆောက်အအုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ ဖောက်ခွဲဖြိုချပြခဲ့ပါတယ်။