စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။

တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ကင်းစခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ဇန်နဝါရီလ ၇ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးကာ ၃ ယောက် (စိစစ်ဆဲ) ဒဏ်ရာရခဲ့တယ်လို့ PLA က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅)၊ တပ်ရင်း (၁၆) နဲ့ ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့

ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ အရပ်သား ၄၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ၆၃ မြို့နယ်အား ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ခန့်အပ်ထားသည့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၁ နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၁ နှစ်ကျော်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။