ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလ ပထမပတ်အတွင်း တိုက်ခိုက်မှုတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့သလို အကြမ်းဖက်စစ်တပ် အဝေးကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ထိခိုက်ကျဆုံးခဲ့တဲ့ ရဲဘော်တချို့လည်း ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“ဗျူဟာကုန်းမှာက အခိုင်အမာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အပြင်မထွက်ရဲဘဲ အနီးနားကကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားလို့ ရိက္ခာခဲယမ်းတွေကိုလည်း အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့သာ ပို့ဆောင်ပေးနိုင်နေတာ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိတာနဲ့ ကျဆုံးခဲ့ရတာ ရှိတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အနန်းကွင်းဗျူဟာကုန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲ့ နာရေး

တိုက်ပွဲအတွင်း လက်နက်ကြီးစ ထိမှန်ကာ မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ KNLA တပ်ရင်း ၂၇ က ရဲဘော်တစ်ယောက်ရဲ့ နာရေးကို မနေ့က ဇန်နဝါရီ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့လည်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဘန်ကာတွေ ကတုတ်ကျင်းတွေ အခိုင်အမာ တည်ဆောက်ထားပြီး စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာကုန်းဆီကို စစ်တပ်စစ်ကူတွေ မရောက်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြု ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အနန်းကွင်းဗျူဟာစခန်းဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တစ်ခုတည်းသော အင်အားကြီး ဗျူဟာစခန်းဖြစ်တယ်လို့ သိရပါတယ်။

အနန်းကွင်းဗျူဟာကုန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲ့ နာရေး
အနန်းကွင်းဗျူဟာကုန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲ့ နာရေး
0 Shares:
You May Also Like
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။
Read More

စစ်မှုထမ်းအရေအတွက် တိုးခေါ်ဖို့ စစ်တပ်နဲ့ ပနံသင့်တဲ့ နိုင်ငံရေးပါတီတွေက တိုက်တွန်းကြောင်း စစ်ကောင်စီ ပြော

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြပါတယ်။
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ကို စစ်တပ်နှင့် ပူးပေါင်းဖြိုခွင်းခြင်းက ပြဿနာ အရင်းခံကို မဖြေရှင်းနိုင်ဘဲ ပိုမိုဆိုးဝါးစေဟု KNU ပြော.. နိုင်ငံတကာ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများတွင် KNU ပူးပေါင်းဆောင်ရွက်ရန် ကတိပြု..

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဒေသတွင်း အလျင်အမြန် ပျံ့နှံ့လာနေတဲ့ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သတိထား နီးစပ်စွာ စောင့်ကြည့်နေခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။