မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို အစည်းအဝေးတက်ဖို့လာတဲ့ အင်အား ၁၁ ယောက်ပါ ပျူစောထီးယာဉ်ကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပခုက္ကူ-မြစ်ခြေလမ်းခွဲ အရှေ့ဘက်တစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အောင်သာပျူဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁ က ပျူသင်တန်းဆရာ အပါအဝင် ၈ ယောက်သေပြီး ယာဉ်တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပခုက္ကူကနေ မြိုင်မြို့နယ်ဘက် ရိက္ခာလာပို့တဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မြိုင်-ပခုက္ကူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၇ ရက် နေ့လည်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေပြီး မြိုင်မြို့ကို ဆက်လက်ဦးတည်လျက်ရှိရာ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ 

မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတဲ့ နေရာတွေမှာ စစ်ရေးသတိနဲ့ သွားလာနေထိုင်ပေးကြဖို့ မြိုင်ပကဖက တိုက်တွန်းနှိုးဆော်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပကဖ အမှတ် (၁) တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ် ပေါင်းစု ၊ ပခုက္ကူခရိုင်အမှတ်(၂၊၆၊၇)တပ်ရင်းများ၊ PPDF ၊ PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ ၁၁ ရက်ကြာ တိုက်ပွဲဖြစ်ပွား၊ စစ်သားအများအပြားသေပြီး ရဲဘော် ၅ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၁ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို သတိပေးတဲ့အနေနဲ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကဒက်ချောင်းတွင် ရေလာဆော့သည့် စစ်တပ် ဒုအရာခံဗိုလ်ကို ဖမ်းမိ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းကျေးရွာ ကဒက်ချောင်းမှာ ရေလာဆော့တဲ့ စစ်တပ် ဒုအရာခံဗိုလ် ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။