စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။

 ၂၀၁၈ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိတဲ့ (Su-30SME) ဘက်စုံသုံး တိုက်လေယာဉ်

၆ စင်းဟာ မြန်မာနိုင်ငံကို ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက မှာယူထားတဲ့  Su-30 SME တိုက်လေယာဉ် ၆ စင်းထဲက နောက်ဆုံးကျန်ရှိတဲ့‌ တိုက်လေယာဉ် ၂ စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လွှဲပေးလိုက်တာလို့ ဆိုပါတယ်။ ပထမဆုံး တိုက်လေယာဉ် ၂ စင်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

SME တိုက်လေယာဉ်တွေဟာ လက်ရှိ စစ်ကောင်စီက အသုံးပြုနေတဲ့ JF-17 တိုက်လေယာဉ်တွေထက် အမြန်နှုန်း၊ အမြင့်ပျံနိုင်စွမ်းနဲ့ ဝန်တင်ဆောင်နိုင်မှုတွေမှာ အားသာချက်ရှိတယ်လို့ သိရပါတယ်။

JF-17 တွေဟာ နည်းပညာပိုင်းအရ ထိန်းသိမ်းရခက်ခဲခြင်းနဲ့ မကြာခဏ ပြင်ဆင်ရမှုတွေ ရှိလာလို့ စစ်ကောင်စီရဲ့ လေတပ်ဟာ SME တွေကို ဦးစားပေးဝယ်ယူလာခြင်းဖြစ်တယ်လို့ လေတပ် CDM အရာရှိတွေက ပြည်သူတို့အားမာန်ငါတို့အသံ အစီအစဉ်မှာ ထည့်သွင်းပြောကြားထားပါတယ်။

စစ်လက်နက်ရေးရာ လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတချို့ကတော့ SME  ဟာ မြန်မာ စစ်တပ်က ပုံမှန်အသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ လူတွေကို သေစေနိုင်တဲ့ စွမ်းရည် နှစ်ဆပိုမြင့်တယ်လို့ ဖော်ပြထားပါတယ်။

SME တိုက်လေယာဉ်တွေဟာ ရုရှားလုပ် အင်ဂျင်နှစ်လုံးတပ်ထားပြီး လူနှစ်ယောက် လိုက်ပါနိုင်တဲ့ ဆူခွိုင်း ၃၀ တိုက်လေယာဉ်တွေရဲ့ မူကွဲအမျိုးအစား ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်မှာ လေယာဉ်မျိုးစုံကို ဝယ်ယူထားတာဖြစ်ပြီး အဲဒီထဲမှာ ရုရှားကနေ ဝယ်ယူထားတဲ့ MiG-29s ၂၆ စင်း၊ Yak-130s ၁၈ စင်း၊ Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီဟာ တရုတ်ကနေ ဝယ်ယူထားတဲ့ FTC-2000G တိုက်လေယာဉ်တွေ၊ K-8W လေ့ကျင့်ရေးလေယာဉ်တွေနဲ့ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေလည်း ပိုင်ဆိုင်ထားပါတယ်။

ဥရောပလုပ် Grob G120TP နဲ့ ATR-42 တို့လို လေ့ကျင့်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တချို့လည်း မြန်မာလေတပ်မှာ ရှိနေတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က လေတပ်တော်ဝင် ပြုလုပ်တဲ့ အခမ်းအနားမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေက နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်အပါအဝင် စစ်လက်နက်ပစ္စည်းတွေ မရောင်းချဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆိုနေကြပါတယ်။

စစ်ကောင်စီဟာ ဆုံးရှုံးနယ်မြေတွေ များပြားလာတာကြောင့် လေကြောင်းကိုသာ အားပြုပြီး အရပ်သားပစ်မှတ်တွေကို  နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။