ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို မကွေးတိုင်း ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း ဖမ်းဆီးမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) CDF-Asho ထံက သိရပါတယ်။

အဲဒီစစ်သားတွေဟာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာရှိတဲ့ စစ်စခန်းကနေ ထွက်ပြေးလာကြတာဖြစ်ပြီး သူတို့နဲ့အတူ သေနတ် ၉ လက်၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃ ရက် မနက်ပိုင်းကလည်း ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာမြိုနယ်ဘက် ထွက်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၆ ယောက် ထိခိုက်ဒစ်ရာရရှိသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာစည်ရွာမှ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ မုံရွာမြို့နယ် သာစည်ရွာမှာ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်များ အတွက် ကစားကွင်းဖွင့်လှစ်ပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်တွေအတွက် ကစားကွင်း ဖွင့်လှစ်ပေးထားတယ်လို့ စစ်ဒေသခွဲ အမှတ်(၃) တောင်ပိုင်းစစ်ဒေသရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးတာဝန်ခံက အသိပေး ဖော်ပြထားပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။