စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေပြီး ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာ၊ မိုင်းရှင်းခိုင်းတာ၊ လူသားတံတိုင်းပြုလုပ်တာတွေ ရှိလာနိုင်တာကြောင့် မန်းရွှေစက်တော်ဘုရားအနီးနဲ့  ပုသိမ် – မုံရွာ ၊ လက်ပံတော – အိုင်းမ – ကိုင်းမကြီး လမ်းပိုင်းကို အသုံးမပြုဖို့ မနေ့က ဇန်နဝါရီ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်တာပါ။ 

ဒါ့အပြင်အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် အကြမ်းဖက်စစ်သားနဲ့ ရဲတွေအနီး သွားလာနေထိုင်ခြင်း မပြုဖို့လည်း ပြောထားပါတယ်။

ရွှေစက်တော်ဘုရားပွဲကို စစ်ကောင်စီက ဖေဖော်ဝါရီလ ပထမပတ်မှာ ကျင်းပဖို့ လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက နှိုးဆော်တိုက်တွန်းထားပါတယ်။

လက်ရှိ မန်းရွှေစက်တော်အနီးက ကျေးရွာတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေလို့ ဒေသခံ တစ်ထောင်ကျော်လည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

သီတာယုမွန် အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မန်တုံမြို့နှင့် မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။