အရေးပါတဲ့သူတွေ အားလုံးပါဝင်ပြီး စစ်မှန်၊ မျှတ၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးနဲ့  မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့  အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၉နိုင်ငံက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ပဋိပက္ခတွေကို ရှောင်ရှားပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ဆုံးရောက်ရှိဖို့ နိုင်ငံပေါင်း ၉ နိုင်ငံက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ဗြိတိန်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံတစ်ဝန်းမှာ ပိုမိုဆိုးဝါးနေတဲ့ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် မိမိတို့နိုင်ငံတွေက အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိတယ်လို့ ရေးသားထားပါတယ်။ 

တစ်ဖက်နဲ့တစ်ဖက် အရှိန်အဟုန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေက လက်ရှိ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး အာဏာရှင်အဖွဲ့အစည်းတွေက ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေမှုကိုလည်း  လက်ခံနိုင်စရာ မရှိဘူးလို့ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား အစီရင်ခံမှုများစွာလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်းက စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ဆန္ဒထုတ်ဖော်ကြသူများ

အထောက်အထားတွေထဲမှာ ကလေးငယ်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေကို စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းတာ၊ အရပ်သားပြည်သူတွေကို သေကြေထိခိုက်စေမယ့် လုပ်ရပ်တွေ ပါဝင်ပြီး လမ်းပန်းဆက်သွယ်ရေးစနစ်တွေကို ဖျက်ဆီးခြင်း၊ မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ အဆင်အခြင်မဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေးအပ်မှုတွေအပေါ် ကန့်သတ်မှု အစရှိတဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများစွာကို  မြင်တွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

အဆိုးရွားဆုံးအနေနဲ့ အရပ်သားပြည်သူတွေကို ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခြင်း၊ မီးရှို့ခြင်းတို့လို ထိတ်လန့်ဖွယ်ရာ စစ်ရာဇဝတ်မှုပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူအများစုဟာ ဆင်းရဲဒုက္ခတွေ လွန်စွာကျရောက်နေပြီး၊ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေသလို လူမှုအသိုက်အဝန်းကြားမှာလည်း တင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်သွေးထိုးနေတယ်လို့လည်း ရေးသားထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေဟာ   အရပ်သားပြည်သူတွေအနေနဲ့ ဘေးကင်းလွတ်မြောက်ဖို့ နေရာမရှိဘဲ  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေစဉ်မှာ စစ်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ပိုမိုဆိုးရွားလာတယ်လို့လည်း သိရပါတယ်။ 

ပဋိပက္ခတွေကြောင့် လူပေါင်း ၃.၅သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရပြီး တချို့ဟာ နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံရဲ့  လူဦးရေ ၁၅သန်းကျော်လောက်ဟာ  စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့လည်း  ရေးသားထားပါတယ်။

ဒါ့ကြောင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာ၊ အဆီးအတားမရှိ ပေးအပ်ခွင့်ပြုဖို့ စစ်ကောင်စီနဲ့  လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆိုထားပြီး ပဋိပက္ခကို ရပ်တန့်ဖို့၊ တင်းမာမှုကို ဖြေလျှော့ဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်း တောင်းဆိုကြောင်း ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ရိုဟင်ဂျာကိစ္စအပါအဝင် စွပ်စွဲချက်များအတွက် လာရောက်စစ်ဆေးနိုင်ကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကုလကို ဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ပြောဆိုထားပါတယ်။