စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ ယောက် ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တစ်နေ့တာ တိုက်ပွဲတွေအတွင်း ၁၀၂၇ အပိုင်း (၂) ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်းတွေနဲ့အတူ ပကဖနဲ့ Local တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲဲ့ကြတာဖြစ်ပြီး စစ်ကြောင်းလိုက်​ချေမှုန်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးသေဆုံးကာ လက်နက်အများအပြားကိုလည်း စစ်သုံ့ပန်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြပါတယ်။

စစ်ကောင်စီ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးတဲ့ အင်အား ၇၇ယောက်ပါအမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်က အကြမ်းဖက်စစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ ရွှေဘိုခရိုင်တပ်ရင်းတွေက ဇန်နဝါရီလ ၅ ရက်၊ မနက်အစောပိုင်းကစလို့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နေ့တစ်ဝက်နီးပါး အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ​ပဲ စစ်ကောင်စီက ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာကိုတံတားဦးလေဆိပ်တက် Yak-130 လေယာဥ်နဲ့ မိတ္ထီလာ​ ရှမ်းတဲလေဆိပ်တက် MiG -29 လေယာဥ်တွေ အသုံးပြုပြီး ၂ ကြိမ်စီ လေ​ကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇန်နဝါရီလ ၅ရက်နေ့က ဝက်လက်မြို့နယ် တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ (ဓာတ်ပုံ အမှတ် (၁) စစ်ဒေသ)

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက် ၄၅ လက်နဲ့ ဆက်စပ်ပစ္စည်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့အတူ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမှတ်-၁စစ်ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်ဝက်လက်မြို့ကနေ စစ်ကူလာတဲ့ ဗိုလ်ကြီးကျော်မင်းခိုင်ရဲ့ အင်အား ၃၀ ပါ အကြမ်းဖက်စစ်သားတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီးကျော်မင်းခိုင် အပါအဝင် ၉ယောက် ထိခိုက်ဒဏ်ရာတွေနဲ့ ဆေးကုသနေရကြောင်း သိရပါတယ်။

“၄ နှစ်တာ ကာလမှာ ကျနော်တို့ ဝက်လက်မြို့နယ်ရဲ့ အအောင်မြင်ဆုံး ပွဲတစ်ပွဲလို့ ပြောလို့ရပါတယ်။ ကျနော်တို့ တပ်ရင်း ၁၅ ရဲဘော်တွေအနေနဲ့ကတော့ ပထမဆုံးအောင်မြင်မှု မဟုတ်ပါဘူး။ ဘာလို့လဲဆို ရဲဘော်တွေက ရှမ်းမန်းစစ်ဆင်ရေးမှာ အင်ကြင်းမြိုင်၊ စဉ့်ကူး၊ နောင်ချို ၆၀၆ တပ်တွေကို စခန်း အကျွတ် တိုက်လာခဲ့တာလေ။ ဝက်လက်မြို့နယ်မှာပဲ ပထမဆုံး အောင်မြင်မှုပါ။ အရင်တုန်းက ပစ်ပြေးဘဝကိုလည်း ဘယ်တော့မှ မမေ့ပါဘူး။ မစုံမလင်နဲ့ လုပ်ရတာလေ။ အခုစစ်ကြောင်းမှာက တပ်ရင်း ၁၅ အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ပူပူနွေးနွေး အလက်တွေရတယ်။ ၅ ရက်နေ့မှာ အဲ့အလက်နဲ့ ပြန်ဆော်တယ်။ ရဲဘော်တွေကလည်း သူတို့ရဲ့ အတွေ့အကြုံကို ခုပွဲမှာ ပြလိုက်ရတော့ တော်တော်လေး ဝမ်းသာအားရကြတယ်” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ဗိုလ်ကြီးအေးမျိုးထွန်းဦးဆောင်တဲ့ တပ်မ- ၃၃ လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်တွေ ဝက်လက်မြို့နယ်၊အုန္နဲဘုတ်ကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့က ဝက်လက်မြို့နယ် တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း (ဓာတ်ပုံ အမှတ် (၁) စစ်ဒေသ)

အဲဒီစစ်​ကြောင်းဟာ ဇန်နဝါရီလ ၄ရက်နေ့ကတည်းက စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်း နေတာကြောင့် ဒေသခံတွေလည်းထွက်​ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအတွက် တော်လှန်ရေးတပ်တွေက နောက်တစ်နေ့ (ဇန်နဝါရီလ ၅ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေ ရွာကိုမီးမရှို့နိုင်ခင် လက်ဦးမှုရယူကာ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ အကြိမ်၂၀ကျော် လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

အုန္နဲဘုတ်ရွာ တိုက်ပွဲမှာ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း နဲ့အတူ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊တပ်ရင်း၁၈တပ်ခွဲ (၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ ၊ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့ ၊ တပ်ခွဲ(၄) ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့ နဲ့ ဒေါင်းစစ်သည်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းနေတယ်လို့သိရပါတယ်။

“စစ်ကြောင်း တစ်ဝက်လောက် ကတော့ လွတ်သွားပါတယ်။ လေကြောင်းပစ်ပြီး ထွက်ပေါက် ရှာပြီး လွတ်သွားတာလို့ ပြောရမယ်။ တိုက်ပွဲအောင်မြင်ခဲ့ရတဲ့အကြောင်းကတော့ ရှမ်းမန်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ စစ်ရေးအတွေ့အကြုံ ရင့်ကျက်လာမှုနဲ့ အဲ့ကနေ ရရှိခဲ့တဲ့ လက်နက်တွေကြောင့်ပါ။ အရင်ကဆို ကျနော်တို့က ချောင်းပစ်၊ ပြီးရင်ပြေး။ ပစ်ပြေးလောက်ပဲ ရတာပေါ့။ လက်နက်မရှိကြဘူး။ အခုတော့ ရှမ်းမန်းစစ်ဆင်ရေးက ရလာတဲ့ လက်နက်တွေနဲ့ ကျနော်တို့အညာတပ်ရင်းတွေဟာ အတန်အသင့် လက်နက် ပြည့်စုံလာပြီမို့ စကစ ကို ပြန်ပြီး ထိပ်တိုက်ရင်ဆိုင် တိုက်နိုင်လာပါပြီ။” လို့ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး) က မောင်းကိုပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ ဒုတိယပိုင်း၊ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းက ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီကို တရားဝင်နိုင်စေတဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုဟန့်တားကြမလဲ

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အခြေစိုက်စခန်း ၃၅၀ ကျော် လက်လွှတ်ဆုတ်ခွာထားရ

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။